I married my sister's husband 💚Part 55(warning🚨🚨🚨)

19.1K 622 31
                                    

I married my sister's husband 💚Part 55(warning 🚨🚨🚨)

"သမီးငယ် စကားပြောပါဦး"

မင်းထေရန် သူ့အား မကြည့်ဘဲ အပြင်ကိုသာကြည့်နေတဲ့ သမီးအား ပြောမိသည်

သို့သော် ရတုလေးဟာ ထိုနေ့ကစ၍ စကားမပြောတော့ပါ

မေ့လဲသွားတဲ့ အကျိုးဆက်ကြောင့်လားလို့ ဆရာဝန်အား မေးခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာနဲ့သာ ဆိုင်မယ်လို့သာ ဖြေသည်

သမီးငယ်ဟာ ကျောင်းလဲမသွားတော့သလို သူတို့နဲ့လည်း အဆက်အဆံမလုပ်တော့ပါ

ကိုယ်ပိုင် ကမ္ဘာငယ်တစ်ခုမှာ ကိုယ့်ဘာသာ အလုံပိတ်ပြီး အကျဉ်းချထားပုံပေါ်သည်

"ငယ်လေး..."

မင်းထေရန် ဘေးနားကို လာထိုင်တဲ့ ငယ်လေးကိုလည်း အကူအညီတောင်းကြည့်ရာ

'ငယ် အစွမ်းကုန်ကြိုးစားပြီးပြီ အကို ဆိုတဲ့ အကြည့်သာ ရလိုက်သည်'

တစ်ချက်တော်သေးသည်က ရတုလေးက ထမင်းပုံမှန်စားပါသည်

တစ်နေ့နေ့တစ်ချိန်ချိန်တော့ သူမရဲ့ ပိတ်သွားတဲ့ နှလုံးသားတံခါး ပြန်ပွင့်လာဖို့မျှော်လင့်ရင်း သူတို့စောင့်ရန်သာတတ်နိုင်သည်

ထိုနေ့ကအတ္တရဲ့ အလောင်းအား မနက်လင်းချိန်မှ ပြန်ရှာတွေ့ခဲ့ပြီး သူတို့သာ အသုဘလုပ်ပေးခဲ့သည်

စိတ်မကောင်းဖွယ်ရာ အသုဘအခမ်းအနားမှာ ငိုယိုသူဟူ၍ တစ်ယောက်တောင်မရှိခဲ့ပါ

ကြီးစွာသော ရင်ထဲဆို့နစ်မှုကိုသာ မင်းထေရန်ခံစားနေရပြီး ဆေးရုံပေါ် သတိလစ်နေတဲ့ ရတုလေးအား ငယ်လေးက စောင့်ရှောက်ပေးနေရသည်

အမေတို့ကလည်း သံဝေဂရနေကာ အမေနဲ့အဖေဆိုလျှင် ရိပ်သာကိုသာ ဝင်လိုက်ထွက်လိုက်လုပ်နေတော့သည်

အခြေအနေတွေ တည်ငြိမ်လာဖို့ရာ ၈လကျော်ကြာကြာမြင့်ခဲ့ပြီး သူတို့ရင်ထဲမှာ ပြည့်ကျပ်တဲ့ ဝမ်းနည်းမှုကို ခံစားရဆဲပင်.......

မင်းထေရန် ဝရံတာမှာ ငြိမ်ငြိမ်လေးရပ်နေတဲ့ ငယ်လေးနားကို သွားကာ သူမရဲ့ အနောက်ကနေ ပွေ့ဖက်လိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now