I married my sister's husband 💚 Part 12

17.4K 719 66
                                    

I married my sister's husband 💚Part 12

မင်းထေရန် company ကိစ္စတချို့အား လက်စ သတ်ပီး မျက်လုံးများမှိတ်ကာ အနားယူနေမိသည်

"ဒေါက် ဒေါက်"

"ဝင်ခဲ့"

ထိုအခါ ကြည်သာ မှာ မျက်စိမျက်နှာပျက်စွာ ဝင်လာလေသည်

"ပြော ကြည်သာ"

"ဟို boss ဦးတိုက်ဆိုင်က မြို့သစ် စီမံကိန်း ကိစ္စ စိတ်ပြောင်းသွားပီကြားတယ်"

မင်းထေရန် မျက်မှောင်ကြုံ့သွားမိသည်
ဦးတိုက်ဆိုင်က သူတို့အား စီမံကိန်းပြည့်စုံတာနဲ့ အစောဆုံး အကြောင်းကြားပီး ဆက်သွယ်လာမယ်ပြောခဲ့တာလေ

"အခုမှ ဘာထဖြစ်တာလဲ"

"ကျွန်တော့် အထင် မင်းမော်groupကလို့ထင်ပါတယ်"

"လာပြန်ပီ ဒီ အတ္တဆိုတဲ့ကောင် သူနဲ့ငါ ပတ်ဆော့ပေးဖို့ အာရုံမရှိတာ"

မင်းထေရန် သူ့အား ခဏခဏလာရှုပ်နေပါတဲ့ အတ္တအား မှတ်လောက်သားလောက်အောက် ပညာပေးပစ်မယ်လို့ တွေးလိုက်သည်

"ဦးတိုက်ဆိုင်နဲ့တွေ့ဖို့စီစဉ်ပေး"

"အဲ့တာ အဲ့တာ....."

"ဘာလဲကြည်သာ"

"ဦးတိုက်ဆိုင်ကို ဆက်သွယ်လို့မရပါဘူး"

မင်းထေရန်နှုတ်ခမ်းတွေခပ်မဲ့မဲ့ပြုံးသွားရသည်

"ငါ့အိတ်ကိုင်ခဲ့ကြည်သာ"

"Bossဘယ်သွားမလို့လဲ"

ကြည်သာမှာ ဖြောင့်မတ်နေတဲ့bossကျောပြင်အား ကြည့်မိသည်

"ငါတို့ ဆူရှီသွားစားကြမယ်"
ကြည်သာမှာတော့ ခေါင်းစောင်းကာသာ နားမလည်ပေမဲ့ ယောင်ချာချာနဲ့ ပါသွားတော့သည်

.............................................................
"စိတ်ချလိုက်ပါ ဦးတိုက်ဆိုင် ကျွန်မတို့companyက အကောင်းဆုံးဝန်ဆောင်မှုပေးမှာပါ"

ထိပ်ပြောင်နေတဲ့ ဦးတိုက်ဆိုင်ဟာ သူ့ရဲ့ မရရအောင်ဆွဲဖုံးထားတဲ့ဆံပင်တချို့ကိုလက်နဲ့သပ်ကာ ဒါလီယာအား ပြုံးပြလေသည်

ထို့နောက် အတ္တအားကြည့်ကာ ခေါင်းငြိမ့်ပြပီး

"ကျွန်တော်လည်း အမြဲလက်တွဲလာတဲ့ ထေနဲ့ကို လက်တွဲဖြုတ်ပီး လာခဲ့တာမို့ ကျွန်တော် တောင်းဆိုတာကို သိတယ်မလား အဟမ်း..."

I married my sister's husband 💚(complete)Where stories live. Discover now