I married my sister's husband 💚Part 41

15K 678 35
                                    

I married my sister's husband 💚Part 41

ရတုအမြဲတွေ့နေရတဲ့ သူမအဖေအား မတွေ့ရတာ ကြာပီဖြစ်၍ စောင့်မျှော်နေမိသည်

ထိုစဉ် maskအမည်းတပ်ထားသော လူက သူမက လက်မှဆွဲခေါ်တာကြောင့် ရုန်းကန်မိသော်လည်း မရပါ

ထိုလူက သူမအား လူကွယ်ရာနေရာခေါ်သွားပီးမှ maskကိုချွတ်လိုက်သည်

"သမီးငယ် အဖေပါ...."

"ဖေဖေ..."

ရတု သူမအဖေအား အံ့ဩစွာကြည့်နေမိသည်
အဖေ့ပုံစံဟာ အရမ်းကို ပိန်ကျသွားသည်

"ဖေဖေ နေမကောင်းဘူးလား"

အတ္တ သူ့ သမီးငယ်စကားမှာ ကြည်နူးသွားရသည်

"သမီးက ဖေ့ဖေ့ကို စိတ်ပူပေးနေတာလား"

ရတု ခေါင်းလေးငြိမ့်ကာ သူမအဖေရဲ့ ပါးအားကိုင်လိုက်သည်

"အစားကောင်းကောင်းစားပါနော် ဖေဖေ"

"အေးပါ သမီးရယ်"

"ဖေဖေ သမီးကို ဘာလို့ လာမတွေ့တာလဲဟင်"

အတ္တ သူ့သမီးငယ်စကားမှာ မျက်နှာပျက်သွားသည်
"ဖေဖေ မအားလို့ပါ"

"အလုပ်တွေ အများကြီးမလုပ်ပါနဲ့လားဟင်"

"ဟုတ်ပါပီ ဒါနဲ့ သမီးရဲ့ ဖိုးဖိုးရော နေကောင်းလား"

ရုတ်တရက်ကြီး ကြောက်စရာကောင်းသွားတဲ့ သူမဖခင်ကြောင့် ရတု လန့်သွားသည်
"ကောင်း ကောင်းပါတယ်"

အတ္တ မဲ့ပြုံးပြုံးလိုက်သည်
'တော်တော် အသက်ပြင်းတဲ့အဖိုးကြီး.....ယခုဆို သူ့company ဟာ ဒေဝါလီခံလိုက်ရပီး အကြွေးရှင်တွေလည်း သူ့နောက်လိုက်နေသည်'

"ဖေဖေ ဘိုးကို အန္တရာယ်ပြုတဲ့လူက ဖေဖေတော့မဟုတ်ပါဘူးနော်"

ရတု သူမ ဒယ်ဒီနဲ့ ဘိုး စာဖတ်ခန်းထဲမှာ ပြောနေတာကို တစွန်းတစကြားခဲ့ရတာပါ

အမှန်မဟုတ်ဘူးလို့ မျှော်လင့်မိသော်လည်း မျက်နှာပျက်ယွင်းသွားတဲ့ ဖေဖေ့ကြောင့် သူမထင်တာမှန်နေခဲ့သည်

"မဟုတ် မဟုတ်ပါဘူးကွာ"

ရတု လိမ်နေပါတဲ့ သူမအဖေရဲ့ မျက်ဝန်းတွေကို မြင်နေရသည်

I married my sister's husband 💚(complete)Where stories live. Discover now