I married my sister's husband 💚 Part 46(warnings 🚨🚨🚨)

17.6K 735 46
                                    

I married my sister's husband 💚Part 46(warning 🚨🚨🚨)

"အမှောင်ထုတွေဟာ ဘယ်လောက်နက်နိုင်မလဲ....
ဝမ်းနည်းခြင်း နာကျင်ခြင်း ငိုကြွေးခြင်းနဲ့ မျက်ရည်တွေ တည်ဆောက်ထားတဲ့ နံရံတွေဟာ ဘယ်လောက်ထူမလဲ......"

"အကို့ကို ချစ်ရတာဟာ ဒီလောက်တောင် ခက်ခဲနာကျင်လေသလား....."

"အသွေးအသားတွေ စိတ်ခွန်အားတွေ နှလုံးသွေးတွေက အစယူပါဆောင်ပါ

အကိုနဲ့ သူမကို ပျော်ရွှင်စရာနေ့ရက်လေးတစ်ရက် ပြန်ပေးပါလေ......"

"အမှောင်ယံက အလင်းတစ်စက်ဟာ အကိုပေးမှသာ သူမရခဲ့တာ.......

လောကကြီးဟာ သူမ ဒီ အမျိုးသားကို ဘယ်လောက်ချစ်ကြောင်း ထပ်မံ စမ်းသပ်ချင်သတဲ့လား...."

တိမ်စိုင် ဘာမှ မမြင်ရတဲ့ အမှောင်ထုထဲ သူမကိုယ်သူမ ထွေးပွေ့ထားမိသည်

"မယားငယ်ရဲ့ သမီးအဖြစ် မွေးဖွားလာတဲ့ သူမဟာ မှားသလား.......

ဗိုက်ထဲမှာတင် ဖျတ်ချခံခဲ့လို့ ဒုက္ခိတဖြစ်သွားခဲ့ရတာ သူမအတွက် အပြစ်ဒဏ်လား....

အနိုင်ကျင့်နှိပ်စက်မှုများကြားက အသက်ရှူရာ နေရာဟာ အကို့ရင်ခွင်ဖြစ်ခဲ့တာ သူမ လောဘကြီးသွားလား......

ဖူးပွင့်လာတဲ့ ပထမဆုံးအချစ်ဟာ အညွှန့်ချိုးခံရတာ ဘယ်ဘဝ ဝဋ်ကြွေးလဲ......

ချစ်ရသူရဲ့ ကိုယ်ဝန်ဟာ တခြား ယောကျ်ားရဲ့ မျိုးစေ့လို့ စွပ်စွဲခံရတာ သူမရဲ့ ကံတရားလား....

ကြမ်းတမ်းမှုတွေ ဆာလောင်မှုတွေကြားမှာပါဘဲ ရုန်းကန်ရင်း ရရှိလာတဲ့ အောင်မြင်မှုတွေ အလယ် ပီတိဖြစ်မိတာ သူမမှားသလား

အောက်ခြေလည်း မလွတ်ပါ ကျေးဇူးလည်းမကန်းပါ ချစ်ရသူအား ရင်မှာမြဲကာ အချစ်မှာ ပြန်လည် နစ်ဝင်ခဲ့ပေမဲ့ စုတ်ပြတ်သတ်စွာဘဲ မြေမှာ နင်းချေခံရပီး ကျေးဇူးရှင်ယောကျ်ားသားရှေ့ စော်ကားခံခဲ့ရလေတယ်......

တစ်ခါပါဘဲ........သူမ တစ်ခါသာ အကို့ကိုစိတ်ဆိုးပီး ဦးစားမပေးမိတာ သိပ်မှားသွားသလား....."

သိပ်မှားသွားတယ် ထင်ပါတယ်.......

တိမ်စိုင် သူမဘေးက အမှောင်ထုကြီးအား မကြောက်ရွံ့တော့ပါ.....

I married my sister's husband 💚(complete)Dove le storie prendono vita. Scoprilo ora