I married my sister's husband💚Part 56

15.3K 687 20
                                    

I married my sister's husband 💚Part 56

မင်းထေရန် မျက်ရည်ဟာ သူ့ပါးပြင်ပေါ် စီးကျလာချိန်မှာဘဲ သူ့နောက်မှလည်း ငိုသံလေးထွက်လာသည်

တိမ်စိုင်မျက်ရည်တွေနဲ့ပင် အကို့ကျောပြင်အား နောက်က ဖက်တွယ်မိသည်

"အကို ငယ်ရှင်းပြတာနားထောင်ပါဦး"

"မင်းရဲ့ ဆေးကဒ်ကိုတွေ့ပြီးတာတောင် မင်းက ဘာတွေရှင်းပြချင်နေသေးတာလဲ"

တိမ်စိုင် ခေါင်းရမ်းမိပြီး သူမလက်တွေကို ဖယ်ချနေတဲ့အကို့ကြောင့် ခပ်တင်းတင်းဖက်ထားမိသည်

"ဟင့်အင်း မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး"

"ဒါဆို မင်းပြောစမ်းပါ အဲ့တာဘာလဲဆိုတာ"

"ဟုတ်တယ် ငယ်ဝန်ခံတယ် ငယ်တားဆေးတွေသောက်မိတယ်...."

မင်းထေရန် အံတင်းတင်းကြိတ်မိသွားသည်

"ဒါပေမဲ့ အဲ့တာ ဟို အစကပါ ငယ် အဲ့တာကို မသောက်တာကြာပါပီ အကိုရယ်"

"မင်းပြောတာ ငါ ဘယ်လိုယုံရမလဲ..."

တိမ်စိုင် အကို့ကျောပြင်အား နဖူးအပ်မိသည်
အကို့အနွေးဓာတ်တွေကို သူမ မျက်လုံးမှိတ်ကာခံစားနေမိပြီးမှ အသက်ကို ပြင်းပြင်းရှူလိုက်သည်

"ငယ်ကြောက်နေခဲ့တာ အကို....."

"......"

"ငယ်ရတဲ့ ကလေးက အကို့ ကလေးမဟုတ်ဘူးလို့ စွပ်စွဲမှာကို..."

"ဘာ"

မင်းထေရန် အံ့ဩသွားရပြီး ငယ်လေးဘက်အား လှည့်လိုက်သည်

ငယ်လေးဟာ မျက်ရည်တွေဝဲပြီး သူမကိုယ်သူမ မလုံခြုံသလိုလေး ထွေးပွေ့နေကာ နှုတ်ခမ်းတွေတုန်ရင်နေတာကြောင့် မူမမှန်တော့မှန်းသိလိုက်သည်

"ငယ် ငယ် တောင်းပန်ပါတယ်...."

"ဟင့်အင်း ငယ်လေး.....မင်းဘာဖြစ်နေတာလဲ..."

တိမ်စိုင်ခြေထောက်တွေအားမရှိတော့ဘဲ ထိုင်ကျသွားသည်

"ငယ် တောင်းပန်ပါတယ် ......
ထိန်းလို့မရခဲ့ဘူး အကိုရယ် ချွေးအေးတွေပြန်လာတယ် ရင်ဘတ်ထဲ တလှပ်လှပ်နဲ့ ခြေဖျား လက်ဖျားတွေအေးပြီး မောလာခဲ့တယ်...."

I married my sister's husband 💚(complete)Where stories live. Discover now