I married my sister's husband 💚(special episode)

14.1K 528 23
                                    

I married my sister's husband 💚(special episode ✨)

ပိုမို သူမရဲ့ ပိုက်ဆံအိတ်အား ယူကာ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည်

"ပိုမို ဘယ်သွားမလို့..."

ထိုစဉ်မှာဘဲ ဆရာ့အသံကြားတော့ သူမ ခိုးထွက်တာ မိသွားပြီဆိုပြီး စိတ်ညစ်သွားသည်

လင်းရောင်နီကတော့ မွေးဖွားခံနီးလာတဲ့ သူမအား မျက်စိအောက် အပျောက်မခံစောင့်ရှောက်နေလေ့ရှိသည်

"ကုန်တိုက်သွားမလို့..."

"ဒါဆို ကိုယ်လိုက်ပို့ပေးမယ်လေ...."

"ဟင့်အင်း သူငယ်ချင်းနဲ့သွားမှာ..."

"ဘယ်သူလဲ တိမ်စိုင်လား..."

"မဟုတ်ဘူး တခြားတစ်ယောက်..."

"ဟမ်..."

"ကဲပါ ဖယ် ပြောရင်းဆိုရင်း သူရောက်လာပြီ..."

လင်းရောင်နီအံ့ဩစွာကြည့်နေတုန်းမှာဘဲ နိုင်ငံခြားသားတစ်ယောက်က ကားအနီလေးပေါ်မှ ဆင်းလာသည်

"Steve..."

"Hey Rachel..."

"I miss you so much "

ပိုမိုက နိုင်ငံခြားသားကောင်နဲ့ ဖက်ကာပါးကိုနမ်းပြီး နှုတ်ဆက်နေတာကြောင့် လင်းရောင်နီ မျက်လုံးတွေပြာဝေကုန်သည်

"Wow wow...,who the hell r u..."

ပိုမို သူမ သူငယ်ချင်းနဲ့ ဖက်နေတဲ့ကြားထဲ ဆရာက လာခွဲကာ သူမကို သူ့အနောက်ကို ပို့သည်

"Rachel,who's this.."
Steve ကဆရာ့အား မိတ်ဆက်ပေးရန်ပြောသည်

"Umm,nobody..!"

"No nobody..."

လင်းရောင်နီ ပိုမိုစကားအား အံ့ဩသွားသည်

"ဖယ်ပါ ဆရာရယ် ကျွန်မနောက်ကျနေပြီ..."

ထို့နောက် ပိုမိုဟာ ထိုနိုင်ငံခြားသားကောင်အား ကားပေါ်တွန်းတင်ကာ သူမက လုံးတုံးလုံးတုံးနဲ့ ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်

လင်းရောင်နီ ဖုန်တောထဲသာ ကျန်ခဲ့ပြီး သူ့ကိုယ်သူ အရိပ်တစ်ခုလိုခံစားလိုက်ရသည်

.............................................................
ဧကရီချယ် သူမနား ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ မကြာခင်တော်ရတော့မည့် မိသားစုဝင်အားကြည့်မရတော့ပါ

I married my sister's husband 💚(complete)Where stories live. Discover now