I married my sister's husband 💚 Part 10

17.3K 719 66
                                    

I married my sister's husband 💚Part 10

လင်းရောင်နီ မျက်မှန်အား ချွတ်လိုက်ပီး မျက်လုံးကိုပွတ်လိုက်သည်

ခုတလော သူ့မျက်ကြောတွေကိုက်လာသလိုခံစားရသည်
ညဘက်တွေ ဒီဇိုင်းဆွဲတာကို သူလျော့မှဖြစ်တော့မည်လို့ထင်မိသည်

"ဘုတ်"

စားပွဲအစွန်းမှစာအုပ်ဟာ သူ့လက်ကြောင့် ပြုတ်ကျသွားသည်
သူကုန်း၍ ကောက်စဉ်မှာ လက်ဖမိုးလေး တစ်စုံဟာ ကြို၍ ဦးသွားသည်

ထိုလက်ဖမိုးလေးများရဲ့ပိုင်ရှင်အား သူကြည့်မိရာ သူ့မျက်ဝန်းတွေထဲ ကြည်လင်ဖြူစင်တဲ့အလှတစ်ခုအား မြင်မိလေသည်

အသားရောင်ဂါဝန်လေးနဲ့ ကောင်မလေးဟာ သူ့အား စာအုပ်ထိုးပေးလာတာကြောင့် သူလက်ခံရယူလိုက်သည်

'သင်တန်းသူလား?'
သူ သူမအား ကျေးဇူးတင်ကြောင်းပြောမလို့ပါပင် သူမကတော့လှည့်ထွက်သွားလေသည်

သနပ်ခါးနံ့လေးဟာ သင်းခနဲ့ သူ့ခြေလှမ်းတွေ ရှေ့တိုးမိချိန်မှာဘဲ ရင်ဘတ်အိပ်ကပ်ထဲက ဖုန်းကမြည်လာသည်

"ဟယ်လို"

"ငါ့သား ဒီတစ်ခါလည်း ကြင်ဖက်မတွေ့ဘူးဆို တဖက် မိန်းကလေးကို အမေဘယ်လိုပြောရမလဲ"

တစ်ဖက်ဖုန်းမှာ မာတာမိခင်စကားကြောင့် သူ့မှာ မျက်ခုံးအား ကုတ်ခြစ်မိရသည်

"အမေ့ကို ကျနော်ပြောပါတယ် သားအဲ့ကိုမသွားဘူးလို့လေ အမေမှနားမထောင်ဘဲ"

"အမလေး ငါ့သားနှယ် ဥစ္စာပေါ ရုပ်ချောလေးပါဘဲဟယ် ဘာလို့များ တစ်ကိုယ်တည်းဖြစ်နေရလဲစဉ်းစားမရဘူး"

စသဖြင့် အမေ့ရဲ့ ငြီးတွားသံများအား နားထောင်နေရင်း သူသင်တန်းအပြင် မျှော်ကြည့်တော့ ရှာနေမိတဲ့ ပုံရိပ်လေးဟာ မတွေ့ရတော့ပါ

..............................................................
သင်တန်းသွားပီးတည်းက ပြုံးယောင်ယောင်လေးဖြစ်နေတဲ့ တိမ်စိုင်ငယ်က ပျော်ရွှင်နေပုံပေါက်သည်

သူမက ပုစွန်တန်ပူရာကြော်အား သူ့ရှေ့ကိုချသည်
သူရော သစ္စာရောက ပုစွန်ကြိုက်ကြပါသည်
သမီးငယ်ဟာတော့ ဘယ်မျိုးရိုးကိုလိုက်လဲမသိပါ ပုစွန်နဲ့ဓာတ်မတည့်

I married my sister's husband 💚(complete)Where stories live. Discover now