I married my sister's husband 💚Part 27(warning‼️‼️‼️)

20.9K 821 135
                                    

I married my sister's husband 💚 Part 27(warning‼️‼️‼️)

အတ္တ ရေချိုးပီး အပြင်ထွက်လာချိန်တွင် ခုဏက နှပ်ထားတဲ့ကော်ဖီအား ခွက်ထဲ ထည့်ကာ အချိုးကျဖျော်လိုက်သည်

တစ်ယောက်တည်းနေပါတဲ့ သူ့ရဲ့အဆင့်မြင့် တိုက်ခန်းထဲတွင် ပျော်ရွှင်မှုများ ခြောက်ကပ်နေသည်

"တီးးတောင်"
ကျယ်လောင်တဲ့bellတီးသံကြောင့် သူ မျက်မှောင်ကြုံ့သွားရသည်

သူ့တိုက်ခန်းကိုလာမဲ့သူမရှိပါလေ

သူလည်း ကော်ဖီခွက်အား ချကာ တံခါးဆီသွားလိုက်ပီး ချောင်းကြည့်ပေါက်မှ ကြည့်ရာ ဘယ်သူမှမတွေ့တာကြောင့် ပြန်လှည့်သွားသည်

"တီးတောင်"

Bellဟာ ထပ်တီးလာတာကြောင့် သူ စိတ်ရှုပ်သွားရသည်

ဘယ်ကလေကဝက သူ့လာစနေတာလည်း သူအော်ဟစ်ပစ်ဦးမယ်လို့တွေးကာ တံခါးဖွင့်လိုက်သည်

သို့သော် သူတွေ့လိုက်ရတာက ရတုလေးဖြစ်နေတာကြောင့် အံ့ဩသွားရသည်

"သမီး ဒီကိုဘယ်သူနဲ့လာတာလည်း"

ရတုလေးက သူမလက်ထဲမှ သူပေးထားတဲ့ လိပ်စာကဒ်အား ပြလေသည်

"ဒီကို တစ်ယောက်တည်းလာတာလား"

အတ္တမျက်လုံးများ ပြူးကျယ်သွားရပီး သူ့သမီးငယ်မှာ မကြောက်ရွံ့တတ်လိုက်တာလို့ တွေးပူသွားရသည်

သစ္စာနဲ့သိပ်တူတာပါလေ သမီးက..........

ရတုလေးက သူ့အား တွန်းတိုက်ကာ တိုက်ခန်းထဲဝင်သွားတော့သည်

အတ္တ သူ့သမီးငယ်က တိုက်ခန်းကိုလာတာကြောင့် သူပျော်ရသော်လည်း စိတ်ထဲ ထင့်နေတာဘာကြောင့်လဲမသိပါ

ရတုလေးက သူ့မီးဖိုခန်းနဲ့ တွဲထားတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လေသည်

"ဗိုက်ဆာတယ်"

အတ္တ ပျာယာသွားပီး မီးဖိုထဲဝင်လိုက်သည်

"ဘာစားမလဲ ဦးဦးဘာလုပ်ပေးရမလဲ"

"ဘာဖြစ်ဖြစ်"
အတ္တ သူ့စိတ်ထဲ ရတုလေးမှာ တစ်ခုခုထူးဆန်းနေသည်လို့ခံစားရသည်

I married my sister's husband 💚(complete)Onde histórias criam vida. Descubra agora