I married my sister's husband 💚Part 26

17.1K 799 67
                                    

I married my sister's husband 💚Part 26

တိမ်စိုင် လိုအပ်တာများဝယ်ပီး အပြန် စျေးထိပ်တွင် အန်တီတစ်ယောက် မျက်နှာမဲ့ကာ တိုင်ကို မှီနေတာကြောင့် သူမ သွားတွဲပေးလိုက်သည်

"အ.....အဆင်.....ပြေရဲ့....လား"

ဒေါ်ယဉ်မိုးအေးမှာ သူမကိုလာတွဲတဲ့ မိန်းမငယ်လေးက စကားထစ်အစွာပြောပီး မေးလာတာကြောင့် သူမကြည့်မိသည်

နုငယ်တဲ့မျက်နှာလေးနဲ့ မျက်ဝန်းလေးတွေက အမှန်တကယ်စိုးရိမ်နေပုံပေါ်တာကြောင့် တကယ်ကို စိတ်ထားကောင်းသူလေးလို့ တွေးမိပါသည်

"အေးကွယ် အန်တီမူးနေလို့ သားကိုတော့ခေါ်ထားတယ် သမီးသွားစရာရှိတာသွားပါကွယ်"

"ရ....ရပါ...တယ်...ကူ...ကူစောင့်...ပေးမယ်"

တိမ်စိုင် သူမကိုအားနာစွာပြန်လွှတ်နေတာကိုသိစွာ ကူစောင့်ပေးနေလိုက်သည်

ဒေါ်ယဉ်မိုးအေး ရှူဆေးရှူရင်း အနည်းငယ်သက်သာလာတော့ ဘေးနားကိုကြည့်မိရာ ကူညီသူ မိန်းမငယ်လေးမှာ သူမဘေး ငြိမ်ငြိမ်လေးသာ ထိုင်နေကြောင်းတွေ့ရသည်

ထိုမိန်းမငယ်လေးရဲ့ ခြင်းတောင်းကိုကြည့်မိတော့ ချက်ပြုတ်စရာများဝယ်ခြမ်းထားလေသည်

"သမီး ဟင်းချက်နောက်ကျတော့မှာဘဲ သွားရင်သွားတော့လေကွယ်"

တိမ်စိုင် သူမအား သဘောရိုးနဲ့ပြန်ရန်ပြောနေတဲ့ အန်တီအားခေါင်းရမ်းကာသာ စိတ်မပူဖို့ ပြုံးပြလိုက်သည်

ဒေါ်ယဉ်မိုးအေးကတော့ ဒီမိန်းမငယ်လေးကို ပိုမိုသဘောကျသွားပီး ပြုံးမိသွားသည်

"သမီး နာမည် ဘယ်လိုခေါ်လဲ"

"တိမ်.....တိမ်စိုင်....ငယ်"

"နာမည်လေးနဲ့လူလေးနဲ့ လိုက်လိုက်တာကွယ်"

ဒေါ်ယဉ်မိုးအေးမှာတော့ ရင်ထဲတွင်ကြည်နူးရသလိုသနားလည်းသနားမိသည်

ဒီချစ်စဖွယ်မိန်းမငယ်လေး စကားပါ မထစ်ရင် ဘယ်လောက်တောင် ပြည့်စုံလိုက်မလဲ

လင်းရောင်နီ ကားအား ခပ်လှမ်းလှမ်းတွင်ရပ်ကာ အမြန်ပြေးလာရှာတော့ စျေးထိပ်အုတ်ခုံတွင် ထိုင်နေပါတဲ့ သူ့မိခင်အား တွေ့ရသည်

I married my sister's husband 💚(complete)Donde viven las historias. Descúbrelo ahora