I married my sister's husband 💚Part 54

14.5K 659 63
                                    

I married my sister's husband 💚Part 54

"ငယ်လေး ဒီမှာနေခဲ့ ကိုယ်သားကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်ခဲ့မယ်"

"ဟင့်အင်း ငယ် လိုက်မယ်"

"နေခဲ့ပါ ငယ်လေးရာ"

"ငယ်က အမေပါ အကိုရဲ့ ငယ့် သားတစ်ယောက်လုံးပျောက်နေတာကို ဘယ်လိုစိတ်နဲ့ ထိုင်နေနိုင်မလဲ"

မင်းထေရန် အသားတွေ တဆတ်ဆတ်တုန်နေတဲ့ ငယ်လေးအား ကြည့်ကာ သက်ပြင်းချမိသည်

"ကောင်းပြီ ငယ်လေး..."

တိမ်စိုင် အကို့ လက်အား ကိုင်ကာ ကားဆီခပ်သွက်သွက်လိုက်သွားမိသည်

"အေး အဲ့တာဆို ဆက်ပြီး လမ်းက cctvတွေ ခြေရာခံထားပေး"

မင်းထေရန် ကားပေါ်တက်ကာ သူတို့ gpsမှာ ပေါ်နေတဲ့ အနီစက်လေးနောက်အား လိုက်တော့သည်

ငယ်လေးကတော့ ကားလမ်းမအား ကြည့်ကာ တရှုံ့ရှုံ့ငိုနေလေပြီ

မင်းထေရန် ငယ်လေး လက်လေးအား ကိုင်ကာ နှစ်သိမ့်ပေးနေသော်လည်း မရပါ

"ကိုယ်တို့မှီလာပြီ"

အနီစက်လေးအရ ရှေ့က ကားအနက်ဘဲဖြစ်ရမည်

တိမ်စိုင်ကတော့ ရှေ့တိုးကာ ကားထဲကို မြင်ရအောင်ကြည့်နေလေသည်

မင်းထေရန် အရှိန်မြှင့်လိုက်ကာ ထိုကားဘေးယှဉ်မောင်းလိုက်သည်

ထို့နောက် သူကားမှန်ချကာ ထိုကားထဲကို မြင်အောင် ကြည့်နေစဉ် ကားမှန်ချလာပြီး သေနတ်ထွက်လာ၍ သူလက်မောင်းနဲ့ချက်ချင်းကာလိုက်သည်

"ဒိုင်းး.....အာ့....ကျွီ.....ကျွီ..."

"အို အကို"

သူ့လက်မောင်းဟာ သေနတ်မှန်သွားပြီး ကားမှောက်တော့မလိုဖြစ်သွားကာ မနည်းထိန်းလိုက်ရသည်

"ကိုယ်ဘာမှမဖြစ်ဘူး ငယ်လေး ဝပ်နေ"

မင်းထေရန် နောက်လက်တစ်ဖက်ဖြင့် ငယ်လေးအား အနောက်ကို မှီထားရန် ကာကွယ်ပေးမိသည်

တိမ်စိုင် သွေးတွေရွှဲနေတဲ့ အကို့ လက်မောင်းအားကြည့်နေစဉ်မှာဘဲ သေနတ်က ထပ်ထွက်လာတာကြောင့် လန့်သွားရသည်

I married my sister's husband 💚(complete)Where stories live. Discover now