I married my sister's husband💚Part 52

14.3K 658 45
                                    

I married my sister's husband 💚Part 52

တိမ်စိုင် အကို့လက်အားတွဲကာ ပြင်ဦးလွင်မှာရှိတဲ့ ကော်ဖီခြံကြီးဆီရောက်လာခဲ့သည်

"ဒါ ပိုမိုပိုင်တာပေါ့လေ"

"အွန်း သူမပြောတဲ့လိပ်စာ အရဆို ဒါဘဲဖြစ်ရမယ်"

ရတုလေးကတော့ လှပစွာ ပုံဖော်ထားတဲ့ပန်းခုံတွေနဲ့ ဓာတ်ပုံရိုက်နေသည်

မင်းထေရန်ကတော့ မျက်မှောင်လေးကြုံ့နေတဲ့သားအား ဦးထုပ်ဆောင်းပေးလိုက်သည်

ကော်ဖီခြံကြီးဟာ အလွန်ကျယ်ဝန်းပြီး စတော်ဘယ်ရီခင်းများလည်း စိုက်ထားသည်

"တိမ်လေး...."

မကြာပါ လျှောက်လမ်းအတိုင် လျှောက်လာတဲ့ ကိုယ်ဝန်ဆောင် မိန်းကလေးအားတွေ့လိုက်ရသည်

"လပိုင်းလောက်ထိ ကြာသွားတယ် တိမ်လေးရယ်"

တိမ်စိုင် ပိုမိုအား ပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်

"နေကောင်းရဲ့လား"

"ကောင်းပါ့ရှင်"

"ဒီထဲက အသေးလေးရော..."

"သူလည်းကောင်းပါ့ ဘောလုံးသမားလေးလေ တကန်ကန်နဲ့..."

ပိုမိုက ၈လတာကိုယ်ဝန်နဲ့ လှလို့နေသည်
အရင်တွေ့ခဲ့တုန်းကလို ပိန်မနေတော့ဘဲ သူမမျက်နှာတွင် ပျော်ရွှင်မှုများရှိလို့နေသည်

"ငါ့သားတုန်းကလည်း အဲ့လိုဘဲ ပိုမိုရေ"

"ဘာလေးလည်း သိရပြီလား"

"ဟင့်အင်း ဒီနေ့မှ သွားရိုက်ကြည့်မလို့"

"ဟုတ်ပါပီ"

ထို့နောက် တိမ်စိုင်ကို ပိုမိုက သူမရဲ့အဆောက်အဦးဆီခေါ်သွားလေသည်

ကွန်တိန်နာ အနက်ရောင်နဲ့ အဝါရောင်များကိုသုံးပြီး အကာအရံလွတ်ပေမဲ့ မိုးလုံလေလုံအောင်သေချာဆောက်လုပ်ထားပြီးအမြင်ဆန်းလှသည်

အောက်ထပ်တွင်တော့ ကော်ဖီချစ်သူများအတွက် အအေးခန်းလေး အလုံပိတ်ဆောက်ထားပြီး အလယ်တွင် beerဆိုင် အပေါ်ဆုံးထပ်တွင်barစသဖြင့်တီထွင်စွာဆောက်လုပ်ထားသည်

I married my sister's husband 💚(complete)Wo Geschichten leben. Entdecke jetzt