I married my sister's husband 💚part 23(warning‼️‼️‼️)

22.6K 884 107
                                    

I married my sister's husband 💚 Part 23(warning‼️‼️‼️)

ကြည်သာ လက်မှတ်များထိုးပီးသည်နှင့် တပြုံးပြုံးဖြစ်နေတဲ့ Bossကြောင့် ခေါင်းကုပ်ပီးသာ ထွက်ခဲ့လိုက်သည်

တကယ်တော့ မင်းထေရန်မှာ ဖုန်းမျက်နှာပြင်ပေါ်က married Status လေးကြည့်ကာ ပြုံးနေမိခြင်းဖြစ်သည်

မနေ့က ထမင်းစားပွဲပေါ် ကျန်နေတဲ့ ငယ်လေး ဖုန်းအား ယူကာ တိတ်တိတ်လေး သူချိတ်လိုက်ခြင်းဖြစ်သည်

'အဟွန်း...ငယ်လေးကို လူလွတ်ထင်နေကြတယ်'

သူcomment sectionအားဝင်ကြည့်လိုက်တော့ ပြုံးနေတဲ့အပြုံးတွေရပ်တန့်သွားရသည်

'ဘာတဲ့ သူတို့ရဲ့ နတ်မိမယ်လေးက ယောကျ်ားရှိတာမယုံဘူး acc Hackခံရတယ်ဆိုဘဲ'

'သူ့accဟာ Fake accတဲ့လေ'

သူသူ့accထဲဝင်ကြည့်တော့ သူတို့ပြောတာမှန်နေသည် company ပုံတွေသာ တင်ထားပီး သတင်းကြည့်ရုံလောက်သာ သူသုံးသည်လေ

ဒီaccကိုတောင် ကြည်သာ ဖွင့်ထားပေးတာဖြစ်သည်

"ကြည်သာ....ကြည်သာ..."

"Bossရယ် စကားပြောစက်ကနေ ဘာလို့အော်ပြောနေရတာလဲ"

"အော် အေး ငါလောသွားလို့ အခန်းထဲဝင်ခဲ့"

ကြည်သာမှာ မျက်မှန်သုတ်ပီး အခန်းထဲပြေးဝင်ခဲ့ရသည်

"ရော့ ငါ့ကို ဓာတ်ပုံရိုက်ပေး...."

"ဗျာ"

"မကြားဘူးလား ဓာတ်ပုံရိုက်ပေးလို့"

"ဟုတ် ဟုတ်ကဲ့"

အမြဲလိုလို အေးစက်စက်မှုန်တေတေသာနေတဲ့ Bossဟာ ယခုတော့ အနည်းငယ် ရီချင်စရာကောင်းနေသည်

"Boss အလှပုံရိုက်မှာလား မှတ်ပုံတင်ရိုက်မှာလား"

"ဘာဖြစ်နေလို့လဲ ငါက"

"ဟောဗျာ ဘယ်အလှပုံရိုက်မဲ့သူက ဒီလိုထိုင်ခုံမှာ ရုပ်တည်ကြီးနဲ့ထိုင်ပီး ကင်မရာကို တည့်တည့်ကြည့်နေလို့လဲ"

ကြည်သာစကားမှာ မင်းထေရန်  မျက်နှာကြောပြေသွားရသည်

သူ သူ့ရဲ့လူငယ်ဆန်မှုတွေလုံးဝပျောက်ဆုံးသွားခဲ့တာဘဲ......

I married my sister's husband 💚(complete)Where stories live. Discover now