I married my sister's husband 💚Part 44

12.5K 612 77
                                    

I married my sister's husband 💚Part 44

"အမလေး သား ဘာတွေထပ်လုပ်နေပြန်တာလဲ..."

ဒေါ်စိန်ကြွယ် စားစရာများနဲ့ အခန်းထဲဝင်လာတော့ ကြိုးနဲ့ လည်ပင်းစွပ်နေတဲ့ သူမသားကြောင့် ပန်းကန်များ ပစ်ချကာ ပြေးဆွဲရသည်

"နင်ငါ့ကို သေစေချင်နေတာလား ဟမ် ပြောစမ်းပါ ဒီတစ်ပတ်ထဲ နင်ဘယ်နှခါ သတ်သေပီးပီလဲ"

"ဘာဖြစ်တာလဲ...."

ထိုစဉ် ဦးထေအောင်မှာ အခန်းထဲဝင်လာတာကြောင့် ဝမ်းနည်းပက်လက်ကြည့်လိုက်သည်

"အကိုရယ် ကျုပ်တို့ သားကို ဘယ်လိုလုပ်မလဲ ကြည့်ပါဦး"

ဆေးရုံက ဆင်းကတည်းက ဘာစကားမှ မပြောတော့ တစ်ပတ်ကို အကြိမ်ကြိမ်အခါခါ သတ်သေရန် ကြိုးစားမှုများ ပြုလုပ်ခဲ့ရာ သူတို့ မှာ မျက်စိဒေါက်ထောက်ကြည့်နေရသည်

ဒါကို လစ်ရင် လစ်တဲ့အတိုင်းလုပ်တာကြောင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရနေလေသည်

ထို့နောက် သူတို့မှာ မြေးငယ်လေးအားလည်း ဟိုဘက်အိမ်ပို့ထားရသည်

မြေးငယ်လေးမှာ ငိုလို့ပင်မဆုံးနိုင် သူမအဖေ ဒီလိုဖြစ်ရတာ သူမကြောင့်ပါလို့သာ ငိုလေသည်

"မဖြစ်တော့ဘူး ဒီကောင့်ကို စိတ်ကျန်းမာရေးဆေးရုံပို့မှဘဲ ဖြစ်မယ်...."

ဒေါ်စိန်ကြွယ်လည်း သူမရင်ခွင်ထဲမှ သားအား စိတ်မကောင်းကြီးစွာသာ ကြည့်နေမိတော့သည်

..................................................................
'Flash back end......'

"သား တိမ်စိုင်လေးအပေါ် ဒီလိုလုပ်တာတော့ မကောင်းဘူးကွယ်"

ဒေါ်ယဉ်မိုးအေးမှာ သူမသားက တိမ်စိုင်လေးကို အကြပ်ရိုက်အောင် လုပ်လိုက်မှန်းသိလိုက်ချိန် အတော်ကို ထိတ်လန့်သွားခဲ့သည်

"ကျွန်တော် တောင်းပန်ပါတယ် အမေ"

"သားရယ် တိမ်စိုင်လေးက အမေတို့အပေါ် သိပ်ကောင်းရှာတဲ့ ကလေးပါ သူ့အပေါ် မင်းအနေနဲ့ စစ်မှန်တဲ့ မေတ္တာနဲ့ဘဲ သိမ်းသွင်းသင့်တယ်"

လင်းရောင်နီ သူ့အမေ ဆုံးမစကားမှာ လက်သီးများတင်းကြပ်အောင် ဆုပ်မိသွားသည်

I married my sister's husband 💚(complete)Where stories live. Discover now