I married my sister's husband 💚 Part 22

17.4K 801 73
                                    

I married my sister's husband 💚 Part 22

တိမ်စိုင် အပေါ်ထပ် ဝရံတာကနေ အကို့ရဲ့အိမ်ဘက်အား ခြေဖျားလေးထောက်ကာ ကြည့်နေသည်

'အကိုဒီနေ့ရော ခရီးကနေ ပြန်မရောက်သေးဘူးလား'

သူမမှာ အကို ခရီးထွက်သွားကတည်းက ၃လဟာ ၃နှစ်ကြာနေသည်လို့ ခံစားမိသည်

သူမမှာ အကို ရေးခိုင်းတဲ့စာတွေ ကျက်ခိုင်းတဲ့စာတွေအကုန်ရပီဖြစ်ကြောင်း ပြောမလို့ပင် အကိုဟာတော့ ပြန်မလာသေး.....

ထိုစဉ် သူမရဲ့ မျက်ဝန်းထောင့်မှာ အပြာရောင်တစ်စွန်းတစ်စကြောင့်ကြည့်လိုက်ရာ သူမနှလုံးခုန်သံတွေမြန်ဆန်သွားရသည်

'အကိုက ပြန်ရောက်နေခဲ့ပီဘဲ ယခုသူမတို့အိမ်ထဲဝင်လာနေသည်'

သူမမနေနိုင်စွာ တဆွဆွခုန်မိပီးနောက် အောက်ထပ်သို့ပြေးဆင်းမိသည်

မမ မရှိတဲ့အချိန်ဆို သူမမှာ ဒီလိုစိတ်လွတ်လက်လွတ်နေနေလို့ရနေသည်

သူမခြံထဲပြေးထွက်တော့မဲ့အချိန်မှာ တစ်ခုခုကို သတိရသွားပီး သူမရဲ့ စတိုခန်းလေးထဲဝင်လိုက်သည်

ဗီဒိုရဲ့ အောက်ဆုံးတွင် သူမအကန့်ရှိရာနေရာဟာ ဖွင့်လိုက်တော့ သစ်သားသေတ္တာလေးရှိနေသည်

တိမ်စိုင် အဲ့ထဲက စာလေးအား ထုတ်ယူမိပီးမှ တွေဝေသွားသည်

သူမအနေနဲ့ အကို့ကို ဒီလိုစာမျိုးပေးသင့်ရဲ့လား.....
သူမ နှုတ်ခမ်းလေး ကိုက်မိသွားပီး စာအား သေတ္တာထဲကို ပြန်ချမိသည်

'ဒါ ဒါပေမဲ့ ဒါမေတ္တာစာမှ မဟုတ်တာ....ပီးတော့ အကိုကသူမအား ဒီလိုမျိုး တွေးမှာ မဟုတ်လောက်ပါ'

ဆိုပီး သူမ စာအား ပြတ်သားစွာယူလိုက်ပီး ခြံရှေ့ကိုထွက်လိုက်သည်

ခြံရှေ့ရှာကြည့်တော့ အကိုရှိမနေပါ......
ဒါဆို ခြံနောက်မှာလား သူမအိမ်ထဲပြေးဝင်ကာ ခုံနောက်ကိုသွားလိုက်သည်

သူမခြေတလှမ်းလှမ်းလိုက်တိုင်း ရန်ခုန်သံတဒိတ်ဒိတ် တိုးကာနေသည်

🎶အချစ်အကြောင်းများ မသိခဲ့ဘူး
ငယ်စဉ်ကအသက်အရွယ်မှာ........

I married my sister's husband 💚(complete)Where stories live. Discover now