I married my sister's husband 💚 Part 37

17.6K 809 100
                                    

I married my sister's husband 💚Part 37

တိမ်စိုင် အသိရှိနေခဲ့သလို မင်းထေရန်လည်း အသိရှိနေသည်

သူ ငယ်လေးရဲ့လည်တိုင်လေးကို တိတိကိုက်နေခဲ့တဲ့နောက် ငယ်လေးက သူ့လက်မောင်းကြွက်သားများကို ဆုပ်ကိုင်နေခဲ့သည်

အသက်ရှူသံတွေဟာ ပြင်းထန်လာရပီး သူ ငယ်လေးရဲ့ ရင်သားတစ်ဖက်ကို အုပ်ကိုင်လိုက်ချိန်တွင်တော့

"အီးးးး အဟင့်....အင့်...."

တိမ်စိုင်လည်း သားက ရုတ်တရက်ထငိုတာကြောင့် အကို့အားတွန်းဖယ်လိုက်သည်

မင်းထေရန်လည်း လောင်နေတဲ့ မီးများ တိခနဲငြိမ်းသွားသလို အူကြောင်ကြောင်ကြီးဖြစ်သွားသည်

တိမ်စိုင် ကြောင်နေပါတဲ့ အကို့အားကြည့်ကာ ရယ်ချမိသွားသည်

"သွား သားကိုသွားကြည့်ချေ"

"ဟာကွာ"
အကိုဟာ တကယ် စိတ်ပျက်လက်ပျက်ပုံပါဘဲ

တိမ်စိုင်လည်း သားရဲ့ငိုသံကြောင့် ရီဝေနေတာများပျောက်သွားပီး သူမရဲ့ ဘယ်လွင့်သွားမှန်းမသိတဲ့ဂါဝန်အား စောင်ခြုံလျက် လိုက်ရှာဝတ်ရသည်

မင်းထေရန် ပုခက်ဆီသို့သွားကာ သားကိုကြည့်တော့ ဒိုက်ပါလဲရန် အချက်ပြနေတာပါလေ

အီအီးတွေပါထားတယ်

"ဒိုက်ပါ ဘယ်မှာလဲ"

"ဗီဒို ဒုတိယထပ်ထဲမှာ ပေးပေး ကျွန်မလုပ်လိုက်ပါ့မယ်"

"ကိုယ်ဘဲလုပ်လိုက်မယ်"

တိမ်စိုင်လည်း ဘာမှမပြောတော့ ဆူအောင့်အောင့်နဲ့ ရေချိုးခန်းထဲဝင်သွားတဲ့အကို့အား ရီရခက်ငိုရခက်နဲ့ကြည့်နေမိသည်

"အဟင်း ဖေ့သားကြီး မင်းပျော်ရဲ့လားဟမ် ပျော်ရဲ့လားလို့"

"အဲ.....အဟဲ....အဲ့...."

သူပြောတာကို ထောက်ခံနေတဲ့အလား ယံယံလေးက  ရယ်ပြနေပါသည်

သူအပြင်ထွက်လာပါတော့ ငယ်လေးက ကျောပေးကာ အိပ်နေပီ

"ဟူးးးး"
သူသက်ပြင်းချကာ သားအား အနည်းငယ်ချော့မြူပီးနောက် ပုခက်ထဲပြန်ထည့်လိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now