I married my sister's husband 💚 Part 17

17K 710 40
                                    

I married my sister's husband💚part17

"ဟင့်အင်း နီညိုရောင်နဲ့ပိုလိုက်တယ်"

တိမ်စိုင်အဝါရောင်နဲ့ နီညိုရောင် မြန်မာဝတ်စုံကိုကိုင်ကာ ရပ်နေမိသည်

"သ...သမီး...ပြော..တော့....ဘာရွေး...ရွေး...ပါဆို"

ရတုလေးမှာ သူမမိခင်စကားမှာမျက်လုံးလေးများလှည့်သွားပီး

"ဒါပေါ့ မာမီ ဘာရွေးရွေးပါ သမီးက သဘောကျနေမှာ"

"အဲ့....အဲ့တာ...ဆိုလည်း....အဝါရောင်....."

"ဒါပေမဲ့ နီညိုရောင်လေးနဲ့ပိုလိုက်တာ"

တိမ်စိုင်မှာ ဘာရွေးရွေး သဘောကျနေမှာပြောပီး နီညိုရောင်ကိုသာ ရွေးခိုင်းနေပါသော သမီးငယ်ကြောင့် ရယ်ချင်လာရသည်

"ကောင်း...ကောင်းပါ...ပီ"

သူမလည်း သမီးငယ်အလိုဆန္ဒအရ နီညိုရောင်မြန်မာဝတ်စုံလေးသာ ဝတ်လိုက်သည်

မင်းထေရန် ဟာတော့ ဧည့်ခန်းတွင် နာရီတကြည့်ကြည့်နဲ့စောင့်နေသည်

ယနေ့ဟာ သမီးငယ်လေးရဲ့၇နှစ်ပြည့်မွေးနေ့ဖစ်လို့ ဘုရားသွားကြမည်ဖြစ်သည်

တိမ်စိုင် အောက်မှာစောင့်နေတဲ့ အကို့အားကြည့်မိတော့ အကိုဟာ နီညိုရောင်ယောပုဆိုးတဲ့ ရှပ်အနက်အားဝတ်ဆင်ထားသည်ကြောင့်အံ့ဩသွားသည်

ရတုလေးကို ကြည့်လိုက်တော့ ပြုံးစိစိကြောင့် သူမနားလည်သွားပါသည်

ရတုလေးက သူမတို့အားဆင်တူဝတ်စေချင်သည်ဘဲ
ယခုလည်းကြည့်ပါဦး ရတုလေးကလည်း မြန်မာဝတ်စုံနီညိုလေးနဲ့ပါဘဲ

ချစ်စဖွယ်ကလေးငယ်လေးက လူကြီးလေးလို ထမီနဲ့ရင်ဖုံးနဲ့ဆိုတော့ ပိုချစ်ဖို့ကောင်းနေသည်

မင်းထေရန်မှာတော့ လှေကားမှဆင်းလာတဲ့ ငယ်လေးအား ငေးမြဲ ငေးဆဲ......

"ဒယ်ဒီ ဒယ်ဒီ"လို့

"ဟ...ဟမ်"

"သွားမယ်လေလို့ ခဏနေ နေပူတော့မှာ"

"အေး သွား သွားတာပေါ့"

တိမ်စိုင်လည်း သမီးငယ်အား ပြင်ချီပီးသာရှေ့မှအမြန်သွားနေပါတဲ့အကို့နောက်လိုက်ရသည်

I married my sister's husband 💚(complete)Where stories live. Discover now