I married my sister's husband 💚Part 53

14.9K 621 23
                                    

I married my sister's husband 💚Part 53

တိမ်စိုင် မျက်ရည်တွေကြောင့် ဝေဝါးနေတဲ့အမြင်အာရုံရှေ့ အနက်ရောင် ရှူးဖိနပ်တစ်စုံဟာ ရောက်လာတာကြောင့် သူမ မော့ကြည့်လိုက်သည်

"အကို"

မင်းထေရန် သူငြင်းလိုက်ပီလို့ထင်နေတဲ့ငယ်လေးရှေ့ကို ဒူးတစ်ဖက်ထောက်လိုက်သည်

"ခုဏက လက်ထပ်ခွင့် ကိုယ်ငြင်းတယ်"

ထို့နောက်မင်းထေရန် သူ့အကျီ အိတ်ကပ်ထဲက ဘူးလေးအား ထုတ်ကာဖွင့်လိုက်သည်

Pink Diamond လေးနဲ့လက်စွပ်လေးဟာ လက်ခနဲဖြစ်သွားပြီး တိမ်စိုင် အံ့ဩသွားသည်

"ကိုယ်ကဘဲ မင်းကို လက်ထပ်ပါရစေ......
ကိုယ် မင်းကို ပျော်ရွှင်မှုတွေပြည့်နေတဲ့ မင်္ဂလာပွဲကို လက်ဆောင်ပြန်ပေးချင်တယ်
မင်းကိုယ့်ကို လက်ထပ်နိုင်မလား..."

တိမ်စိုင် ပြုံးကာပြောနေတဲ့ အကို့အား ရိုက်ထုပစ်ချင်သွားသည်

သူမမှာ ဝမ်းနည်းလိုက်ရတာဆိုတာ သူကတော့ လက်စွပ်ပြေးယူတာပေါ့လေ

"အရူး....."

မင်းထေရန် ငယ်လေးရဲ့ ဆူပုတ်ပုတ်ခေါ်သံကြောင့် တစ်ချက်ရယ်မိသွားသည်

"ပြောပါဦး အရူးကို လက်ထပ်ပြီး အရူးမယားလုပ်မလား...."

တိမ်စိုင် မျက်ရည်တွေကြားထဲ ခေါင်းတဆတ်ဆတ်ငြိမ့်မိပါသည်

"လုပ်မယ်.....အဟင့်...."

မင်းထေရန် ကမ်းလာပေးတဲ့ သူမလက်လေးကို လက်စွပ်စွပ်ပေးလိုက်သည်

"ဆိုပါဦး အရူးမယားလုပ်ချင်လောက်သည်ထိ ဒီအရူးကို ဘာလို့ ရွေးချယ်လဲ"

မင်းထေရန် သူမကိုယ်လေးအား သူ့ရင်ခွင်ထဲထည့်ကာမေးတော့ သူမက မော့ကြည့်လာသည်

"ချောလို့...."

"ဟမ်"

သူကြားချင်နေတဲ့ ချစ်တယ်ဆိုတဲ့စကားအစား တခြားဟာထွက်လာ၍ ကြောင်သွားသည်

"ချော...ချောလို့..."

"အွန်း ချောလို့...."

တိမ်စိုင် ဖြစ်နေတဲ့ အကို့မျက်နှာကြီးအား ကြည့်ကာ ရယ်မောမိတော့သည်

I married my sister's husband 💚(complete)Dove le storie prendono vita. Scoprilo ora