I married my sister's husband 💚 Part 25

19.1K 844 80
                                    

I married my sister's husband 💚Part 25

"ဟာ ဦးဦး အတ္တ ဒီနေ့ရော လာပြန်ပီလား"

ရတု ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ဒယ်ဒီ့မိတ်ဆွေအား နှုတ်ဆက်လိုက်သည်

အတ္တ ပြုံးသွားရပီး ရတုလေးအား ငုံ့ချီလိုက်သည်

"ဟိုနေ့က ပန်းချီဆွဲတာ ပထမရလား"

ရတုလေးက ဦးဦးအတ္တအားခေါင်းငြိမ့်ပြလိုက်သည်

"အွန်း ဦးဦး အတ္တသင်ပေးတဲ့ အတိုင်း သမီးဆွဲလိုက်တာ"

"အာ လိမ္မာလိုက်တာကွာ....."

အတ္တရတုလေးအား ကျောင်းဘေးက ရေခဲမုန့်ဆိုင်ကိုခေါ်သွားသည်

"ပိန်းဥ နှစ်ပွဲပေးပါ"

"တကယ်ဘဲ ဦးဦး အတ္တက သမီးဘာကြိုက်တတ်လဲ သိနေတာဘဲ"

'သိမှာပေါ့ကွာ.....သမီးငယ်လေးရာ...'
အတ္တ သူ့အိတ်ထဲက ပန်းရောင်ယုန်လေးအား ထုတ်ပေးလိုက်သည်

"ရော့ ဒါဆုချတာ"

ရတုလေးက အရုပ်အား ကြည့်ပီး တွေဝေနေတာကြောင့်

"မငြင်းရဘူးလေ ဦးဦးက ပန်းချီပထမရရင် ဆုပေးမယ်ပြောခဲ့တာဘဲ"

အဲ့တော့မှ ရတုလေးက လက်ခံလေသည်

"ဟီး ...ကျေးဇူး ဦးဦး"

မကြာခင်တွင် ရေခဲမုန့်များရောက်လာပါ၍ သူတို့ စားကြသည်

အတ္တရတုလေးရဲ့ နှုတ်ခမ်းထောင့်မှာ ပေနေတဲ့ ရေခဲမုန့်တချို့ကို သုတ်ပေးလိုက်သည်

"ရတုလေး အကယ်၍ပေါ့ သမီးမှာ ဒယ်ဒီနောက်တစ်ယောက်ရှိနေတယ်ဆိုရင်ရော....."

အတ္တ ရတုလေးမျက်နှာအားအကဲခတ်မိသည်

"ဟားး ဦးဦး အတ္တက သမီးကိုနောက်ပီ သမီးမှာ ဘယ်လိုလုပ် ဒယ်ဒီနှစ်ယောက်ရှိမှာလဲ....."

အတ္တ စိတ်ထဲမောလျစွာ သက်ပြင်းချမိသည်
သူအတင်းအကျပ်လုယူဖို့ပြင်ဆင်နေတာဟာ သမီးငယ်လေးရဲ့ နှလုံးသားကို ထိခိုက်သွားမလား

"သမီးသွားတော့မယ်ဦးဦး ဒီနေ့ နားချိန်ခဏဘဲရတာ..."

ရတုလေးက ရေခဲမုန့်အားလက်စသတ်ကာ ထွက်သွားပီး အဝေးရောက်မှ သူ့ဘက်ပြန်လှည့်ကာ ခါးကိုကိုင်းညွှတ်လေသည်

I married my sister's husband 💚(complete)Where stories live. Discover now