I married my sister's husband 💚Part 47

16.6K 758 22
                                    

I married my sister's husband 💚Part 47

"ဘယ်လိုလုပ်ကြမလဲ အကိုရယ် သမီးလေး မနိုးလာတာ နှစ်ပတ်ရှိပီ သားကိုလည်း ကြည့်ပါဦး..."

ဒေါ်စိန်ကြွယ်မှာ အပူသည်မျက်နှာနဲ့ သူမယောကျ်ားအား ပြောနေမိသည်

ဦးထေအောင်လည်း ဇနီးသည်ရဲ့ ပုခုံးလေးအား ဖက်ပီးတော့ဘဲ နှစ်သိမ့်နေရသည်

"ကျွန်မ မှားတာပါ အမှန်ဆို သားဘေးက တဖဝါးမှတောင် မခွါသင့်ဘူး..."

"မိန်းမရယ် မင်းလဲ ပင်ပန်းနေပါပီ...."

တကယ်လဲ သူတို့လင်မယားနှစ်ယောက်မှာပင်ပန်းနေကြလေပီ

မင်းထေရန်ကတော့ ငယ်လေးရဲ့ မျက်နှာလေးအား ကြည့်လိုက် လေလေးတိုက်လို့ ဆံချည်မျှင်လေးတွေ လွင့်သွားရင် ပြန်သပ်ပေးလိုက်နဲ့ သူ့မှာမအား

"ငယ်လေး ထတော့လေ မင်းအိပ်နေတာ တစ်ပတ်ရှိပီ...."

"ဒေါက်တာ သမီးလေးအခြေအနေက ဘယ်လိုဖြစ်နေတာလဲဟင် အသက်အန္တရာယ်မရှိတော့ဘူးဆို"

ထိုအခါ ဒေါက်တာထွန်းလင်းမှာလဲ သက်ပြင်းချလေသည်

"တကယ်တော့ ဒါက စိတ်နဲ့ ဆိုင်သွားပီဗျ သူမရဲ့ ခန္ဓာကိုယ်က ပြန်ထနိုင်ပီဆိုပေမဲ့ လူနာက မနိုးထချင်နေတာ....."

မင်းထေရန် ထိုစကားကို ကြားပါတော့ ဝုန်းခနဲ့ ထရပ်လိုက်ကာ ဒေါက်တာထွန်းလင်းရဲ့ ကော်လံစအား သွားဆွဲသည်

"အဲ့တော့ ခဗျား ပြောချင်တာက ငယ်လေးက ကျုပ်ကို မတွေ့ချင်လို့ ပြန်မထလာတာပေါ့လေ..."

"ဟဲ့သား မလုပ်နဲ့ အမလေး...အကို ဆွဲပါဦး...."

သို့နှင့် ဦးထေအောင်လည်း သူ့သားအား ဆွဲကာ ဒေါက်တာအား ပြန်လွှတ်ရလေသည်

"အမေ....အမေရယ် ငယ်လေးက ငယ်လေးက ကျွန်တော့်ကို သိပ်မုန်းသွားပီ .....သူမက ပြန်တောင်မနိုးထချင်တော့ဘူးတဲ့...."

ဒေါ်စိန်ကြွယ်လည်း သူမသားအား ရင်ခွင်တွင် ဖက်ကာ ထားပေးရတော့သည်

'သမီးရယ် ထလာပါတော့လား......'

...............................................................
"အချိန်ကျပီ တိမ်စိုင်...."

I married my sister's husband 💚(complete)Where stories live. Discover now