I married my sister's husband 💚 Part 39(warning🚨🚨🚨)

23.4K 747 105
                                    

I married my sister's husband 💚Part 39

🔥This chapter contains a lot of sexual content so please if you are under 18 don't read or skip this chapter ‼️‼️‼️

တိမ်စိုင် သူမရှေ့မှ ခမ်းနား လှတဲ့ ဒူဘိုင်းက royal palaceကြီးအား သဘောကျစွာကြည့်နေမိသည်

"ဟပ်ချိုးးးးး....."

တိမ်စိုင် သူမဘေးက အကို့အား ကြည့်မိပါတော့သည်

"ရေချိုးတာ ကြာသွားတယ်ထင်တယ်"

အကိုက မျက်နှာပြောင်ပြောင်ပါဘဲ သူမနဲ့ ဒီထိလိုက်လာသည်

"မြန်မြန်ဝင်မယ်လေ ကိုယ်အေးနေပီ"

အကိုက သူမအား လက်ကမ်းလာပေးတာကြောင့် သူမ ဂါဝန်စအား မကာ အကို့လက်ကိုတွဲပီး ဝင်လာလိုက်သည်

"Luna......"

သူမအထဲ ဝင်ချင်းချင်း သူမအား ပြေးဖက်လာတဲ့ Akshitaပါ တိမ်စိုင်နဲ့ရွယ်တူဘဲ ဖြစ်လေသည်

Akshitaက သူမ ချုပ်ပေးထားတဲ့ အဖြူရောင်မင်္ဂလာဝတ်စုံနဲ့လှနေသည်

"I've been waiting for you....glad to see you Luna"

" glad to see you too,Akshita"

ထို့နောက် Akshitaက အကို့အား ကြည့်သည်

"Oh, this handsome must be William's father"

"Yes, nice to meet you"

"Nice to meet you too mr"

Akshitaကပြုံးနေပီးတော့မှ သူမတို့ အဝတ်အစားများကို ကြည့်လေသည်

"What happened with your dress"

တိမ်စိုင်လည်း အားနာနေတာပါ ပွဲထဲမှာ အနောက်တိုင်း ပုံစံဝတ်စားထားတာဆိုလို့ သူမတို့သာ ရှိသည်

"I'm in a hurry so I forgot to buy one"

"Shh shhh It's okay I've a lot...,come with me"

တိမ်စိုင်ပင် မငြင်းဆိုရသေး Akshitaက သူမအား လှေကားကြီးပေါ်ခေါ်သွားသည်

"Hey you too come with us"

မင်းထေရန်လည်း Akshitaခေါ်ရာနောက်လိုက်သွားလိုက်ရာ လှေကားကြီးပေါ်ရောက်တော့ akshitaကငယ်လေးကို ဘယ်ဘက်ခြမ်းသို့ခေါ်သွားပီး သူ့ကိုတော့ အမျိုးသားဝန်ထမ်းများက ညာဘက်ခြမ်းခေါ်သွားသည်

မင်းထေရန် အဝတ်လဲခန်းထဲက ထွက်လာကာ လှေကားပေါ်က ဆင်းလာတော့ India မင်းညီမင်းသားကဲ့သို့ ရွှေအိုရောင်ဝတ်စုံအားဝတ်ဆင်ထားတဲ့သူ့အား အားလုံးက ဝိုင်းငေးနေကြသည်

I married my sister's husband 💚(complete)Where stories live. Discover now