I married my sister's husband 💚Part 20

19.5K 767 102
                                    

I married my sister's husband 💚 Part 20

မင်းထေရန် မနက်နိုးလာတော့ ရင်ခွင်ထဲက ငယ်လေးအား ကြည့်ကာ ပြုံးမိသွားပီး အတန်ကြာစိုက်ကြည့်နေမိသေးသည်

ပီးမှ သူ သူမခေါင်းအောက်မှ လက်မောင်းအားဖြည်းဖြည်းချင်းထုတ်လိုက်ပီး ထလိုက်သည်

သူ့လက်မောင်းတော်တော်အောင့်နေလေပီ
ရေချိုးခန်းထဲဝင်ပီး မျက်နှာသစ် သွားတိုက်လိုက်ကာ

ဗီဒိုထဲမှ တစ်ခါသုံးသွားတိုက်တံအားလည်း ငယ်လေးမမြင်မှာစိုးလို့ ထုတ်ချပေးထားလိုက်သည်

ထို့နောက်သူတပတ်ယူကာ စိုသွားတဲ့ ဆံစတချို့အား သုတ်ရင်း အပြင်ထွက်လာလိုက်သည်

ထွက်လာစဉ်မှာပါဘဲ ငယ်လေးက သူ့ကို ပူလောင်စေတဲ့ မြင်ကွင်းနဲ့စောင့်ကြိုနေပြန်သည်

ငယ်လေးဟာတော့ သတိထားမိပုံမပေါ်ပါ
သူမက သူမရဲ့ မျက်လုံးတစ်ဖက်ကိုသာပွတ်သပ်နေပီး ခပ်ပွပွ ရှပ်အဖြူဟာ ပုခုံးတစ်ဖက်တွင်လျှောကျနေကာ လည်တိုင်လေးနဲ့ ပုခုံးသားဝင်းဝင်းလေးများပေါ်နေသည်

ထို့နောက် စောင်ကင်းလွတ်နေတဲ့ သူမရဲ့ ပေါင်တံလေးတွေဟာ ဖြူနုနု......

"Bossဒီနေ့ company မှာ အိပ်....အိပ်......"

ကြည်သာဟာ အလိုက်ကမ်းဆိုးမသိစွာ ခါတိုင်းလို သူတစ်ယောက်တည်းထင်ပီး ဝင်လာလေသည်

ကြည်သာလည်း မနက်အစောကြီး ကပိုကရိုဖြစ်နေတဲ့ ဆရာကတော်နဲ့ ရေချိုးဝတ်ဝတ်ထားသော Bossအားကြည့်ပီး နားလည်သွားတော့သည်

မင်းထေရန်မှာတော့ မျက်နှာကြီး နီရဲလာပီး ကြည်သာအား လက်ထဲမှ တပတ်နဲ့ သောက်ခွက်ကိုပစ်ပေါက်လိုက်သည်

"အာ... Bossတို့ ဆက်လုပ် ဆက်လုပ်....."
ထိုအခါမှ ကြည်သာ လှည့်ကာ ထွက်ပြေးပါတော့သည်

ကြည်သာခဗျာ မနက်ခင်းအစောလာကတည်းက ကားပါကင်မှာ ထီးထီးကြီးရှိနေတဲ့Bossကားကြောင့် ဒီအခန်းထဲ ဘာလိုအပ်တာများရှိသလဲလို့ မုန့်ဖိုးရအောင်လုပ်ပေးဖို့ဝင်လာတာပါလေ

ခုတော့ မုန့်ဖိုးမရတဲ့အပြင် သူbonusပါဖြတ်ခံရတော့မည်

တိမ်စိုင် အိပ်ချင်ပြေသွားတော့မှ အခြေအနေကိုနားလည်သွားကာ အကျီကိုဆွဲတင်ပီး စောင်ကြီးကို ကောက်ခြုံမိလေသည်

I married my sister's husband 💚(complete)Where stories live. Discover now