I married my sister's husband💚 Part 13

16.3K 693 48
                                    

I married my sister's husband 💚 Part13

"ဘယ်လို နင်တို့က မနမ်းဖူးဘူး"

တိမ်စိုင်လည်း စကားတတ်လွန်းလှတဲ့ ပိုမိုကြောင့် ရောယောင်ပီး မှားပြောမိသွားခြင်းဖြစ်သည်

အမှန်တကယ်လည်း အကိုဟာ သူမကို ရည်ရွယ်စွာနမ်းခဲ့တာမှမဟုတ်တာ

"အဲ့ အဲ့ဒါဆို လက်တော့ကိုင်ဖူးပါတယ်နော်"

ပိုမိုစကားမှာ သူမခေါင်းလေးရမ်းလိုက်မိသည်

"ဘုရားရေ နင်တို့ ဘယ်လိုများလက်ထပ်ခဲ့ကြတာလဲ"

ပိုမိုမှာ ခေါင်းငုံ့ကာသာ တွေဝေနေတဲ့တိမ်စိုင်အားကြည့်ကာ ဒေါသတွေထွက်လာတော့သည်

'ရုပ်လေးကကြင်နာမလိုနဲ့ ဘီလူးခေါင်းဆောင်းထားတဲ့မင်းသားလိုပါလား သူမသူငယ်ချင်းလေးမှာ ကြင်နာမှုမခံရဘူးထင်ပါသည်'

"အမှန်အတိုင်းပြောစမ်း သူနင့်ကို ကောင်းကောင်းမဆက်ဆံဘူးမလား"

တိမ်စိုင်မှာ ပိုမိုစကားကြောင့် မျက်လုံးလေးတွေပြူးပီး လက်များရမ်းကာ ငြင်းဆိုမိသည်

"မ.....မဟုတ်......အ....အကို....က....ကြင်....ကြင်နာ...ပါတယ်..."

"အဲ့တာဆိုပြော နင်တို့ တနေ့ကို စကားဘယ်နှခွန်းပြောလဲ"

တိမ်စိုင် ပိုမိုစကားကြောင့် စဉ်းစားမိသွားသည်

မနက် သူမမနက်စာပြင်ပီးရင် အကိုနဲ့ သမီးငယ်လေးတို့က စားပီး ထွက်သွားကြပါသည်

ထို့နောက် အကိုက သူမအား သင်တန်းပို့ရန်ပြန်လာလေ့ရှိသည်

သူမကားပေါ်က မဆင်းခင်ဆို အကိုက စကားတစ်ခွန်းနှစ်ခွန်းမှာပါသည်

နောက်ပီး ညနေထမင်းစားကြသည် ပီးရင် သူမက သမီးငယ်လေးနဲ့ အဖော်ပြုပေးကာ အကိုလည်း အကို့ဘာသာအိပ်သွားသည်

တစ်နေ့ ၁၀ခွန်းတော့ပြည့်မည်ထင်ပါသည်

"ဆယ်......ဆယ်ခွန်းး....."

ပိုမိုမှာ တိမ်စိုင်စကားကြောင့် မဆီမဆိုင် ကြားထဲက ဒေါသထွက်လာသည်

"မဖြစ်တော့ဘူး မဖြစ်တော့ဘူး"

"ဟ.....ဟမ်"

"နင်ပြောတဲ့ ကြင်နာတယ်ဆိုတာဘယ်မှာလဲ"

I married my sister's husband 💚(complete)Where stories live. Discover now