I married my sister's husband 💚 Part 34

17.8K 875 71
                                    

I married my sister's husband 💚Part 34

"ဟေးး....ချွတ်....ချွတ်..."

ရတု ကျောင်းဆင်းချိန်တွင် သူမအား ထောင့်အကွယ်မှ လူဟာ ခေါ်လာတာကြောင့် ပတ်ဝန်းကျင် အခြေအနေကြည့်ကာ လိုက်သွားလိုက်သည်

အတ္တ သမီးငယ်ရဲ့ လက်လေးအား ဆွဲကိုင်ပီး သူ့ကားပေါ်တက်လိုက်သည်

သူတို့က နေ့တိုင်းဒီလိုဘဲတွေ့နေကြပါ

"သမီးငယ် ဘာလို့ပိန်သွားတာလဲ"

ရတုလေးမှာ သူမအဖေစကားကြောင့် ခေါင်းလေးငုံ့သွားသည်

"အဲ့တာကြောင့် ဖေဖေပြောတယ် ဖေဖေနဲ့လာနေပါဆို အဲ့အိမ်က လူတွေတစ်ယောက်မှမကောင်းဘူး"

"ဟင့်အင်း ဖေဖေ သူတို့က သမီး မိသားစုတွေပါ အဲ့လိုမပြောပါနဲ့"

အတ္တ စိတ်တိုစွာ တောက်ခ်ခေါက်ချင်သော်လည်း စိတ်ထိန်းလိုက်ရသည်

"လွန်ခဲ့တဲ့ သုံးနှစ်က ကိစ္စကြောင့်လား..."

ရတု ရင်ထဲတင်းကျပ်သွားရသည်

"သမီးငယ် ဒါသမီးအမှားမဟုတ်ဘူးလေ"

အတ္တသစ္စာနဲ့သိပ်တူတဲ့ မျက်နှာသွယ်လေးအား လက်နဲ့ကိုင်လိုက်သည်

"ဒါ ဒါပေမဲ့ သမီးက...."

"သမီးက သိပ်ငယ်သေးတာပါ ပီးတော့ ထေရန် ဆိုတဲ့ကောင်က အစကတည်းက ရူးနေတာလေကွာ"

"အင့်.....ဟင့်..."

ရတု မျက်ရည်များအား ထိန်းပါသော်လည်း မရပါ
တွေးလိုက်မိတိုင်းအလိုလိုစီးကျလာသည်

ဘွားတို့ ဘိုးတို့အားလုံးဟာ သူမကို အရမ်းစိုးရိမ်ပီး ဝိုင်းဂရုစိုက်နေပေမဲ့ အဲ့လိုလုပ်လေ အပြစ်ရှိစိတ်များပိုတိုးလေဖြစ်သည်

အဲ့အသိုင်းအဝိုင်းကိုစွန့်ခွါပီး ဖေဖေ့ဆီလာဖို့ရာလည်း သူမမှာမလုပ်နိုင် ဘွားတို့ကိုခင်တွယ်သည် ဒယ်ဒီ့ကိုလည်းချစ်သည်

ဖေဖေ့ကိုလည်း သနားပေမဲ့ နေ့စဉ်သူမတို့တွေ့ကြတာဘဲမလား.....

"သမီးငယ် ဒီလိုငိုနေမယ်ဆို ဖေဖေနောက်ထပ် တရားရင်ဆိုင်....."

I married my sister's husband 💚(complete)Where stories live. Discover now