I married my sister's husband 💚Part 49

14.4K 617 35
                                    

I married my sister's husband 💚Part 49

မင်းထေရန် သီချင်းတငြီးငြီးနဲ့ အကျီဝတ်နေပီးဗီဒိုကိုပိတ်လိုက်ရာ မှန်မှ ပုံရိပ်ကြောင့် သူ့လက်တွေရပ်တန့်သွားရသည်

မှန်ထဲမှာ နတ်ဆိုးဟာ သူ့အား ပြုံးပြနေခဲ့သည်

မင်းထေရန် လက်သီးတွေဆုပ်လိုက်မိပီး ခံစားချက်တွေပေါက်ကွဲလာတော့မဲ့အချိန် လက်သွယ်သွယ်လေးတွေက သူ့ခါးအား သိုင်းဖက်လာခဲ့သည်

"အကို...."

မင်းထေရန် ဘေးနားကို ကြည့်တော့ သူ့ကို ချစ်စဖွယ်မော့ကြည့်နေတဲ့ငယ်လေးအား တွေ့လိုက်ရသည်

သူမှန်ကိုပြန်ကြည့်လိုက်တော့ နတ်ဆိုးမရှိတော့ပါ

"ငယ့်ကို ချီ..."

"ကလေးလား..."

"မချီချင်ဘူးလား..."

မင်းထေရန်ပြုံးသွားပီး ငယ်လေးရဲ့ နှုတ်ခမ်းထော်ထော်လေးအား နမ်းလိုက်သည်

တိမ်စိုင် အကို့ရဲ့အနမ်းတွေကို မျက်နှာလေးမော့ကာ ခံယူနေရင်း ခုဏက အကိုဘာဖြစ်သွားလဲဆိုတာကို သူမသိနေခဲ့သည်

'အကို့ရောဂါပျောက်အောင် သူမဘယ်လိုလုပ်ရမလဲ'

...................................................................
"ရပီ ဒီလောက်ဆို အဆင်ပြေလောက်ပီ"

တိမ်စိုင် တစ်ပတ်အတွင်းလုပ်စရာရှိသမျှ အလုပ်များအား မနားမနေအပြတ်ဖြတ်လိုက်သည်

ထို့နောက် သူမရဲ့လက်ထောက်များအား ညွှန်ကြားကာ အရာအားလုံးက သေချာ ချိတ်ဆက်ပေးခဲ့သည်

တိမ်စိုင် သူမရဲ့ကားအညိုလေးအား ခြံထဲကို ရပ်ပီးနောက် ဆင်းလာလိုက်သည်

"အတော်အားနေကြတာလား..."

ဧည့်ခန်းမှာ အကိုရယ် ရတုလေးရယ် သားလေးရယ် သုံးယောက်တန်းစီလှဲနေကြသည်

အကိုနဲ့ရတုလေးက ပေါင်းတင်maskကိုယ်စီနဲ့ သားသားမျက်နှာလေးပေါ် သခွါးသီးတွေ တင်ပေးထားလေရဲ့

အကိုက သူ့မျက်လုံးတစ်ဖက်ပေါ်က သခွါးသီးအားမကာ သူမဘက်မျက်လုံးတစ်ဖက်သာ ဖွင့်ကြည့်သည်

I married my sister's husband 💚(complete)Where stories live. Discover now