I married my sister's husband 💚 Part 18

17K 741 60
                                    

I married my sister's husband 💚 Part 18

အတ္တ လက်ထဲမှ pizzaဘူးအား ကိုင်ကာ ကျောင်းရှေ့တွင်စောင့်နေမိသည်

သိပ်မကြာပါ ကျောင်းနားချိန်တွင် ကျောင်းထဲမှ ထွက်လာတဲ့ ရတုလေးအားတွေ့လိုက်ရသည်

"ဟေး...ရတုလေး"

ရတု လူကြီးတစ်ယောက်ခေါ်တာကြောင့်ကြည့်လိုက်ရာ ဒယ်ဒီ့အသိဦးလေးဖြစ်နေသည်

"ဟို ဦးဦး"

"အင်း ဦးကို မှတ်မိလား"

ရတု ခေါင်းလေးငြိမ့်ပြလိုက်သည်

"သမီးကိုလာတွေ့တာလား ဘာလို့လာတာလဲဟင်"

အတ္တရတုရဲ့စကားမှာ မေးကိုပွတ်၍ စဉ်းစားဟန်ပြုလိုက်သည်

"သေချာတာကတော့......ရတုလေးက ချစ်ဖို့ကောင်းလို့ဖြစ်မယ်"

အတ္တ ရတုလေးရဲ့ ပေါင်းဖောင်းဖောင်းလေးအားဆွဲညှစ်လိုက်သည်

ရတုကတော့ သူမပါးလေးအား ဆွဲညှစ်သွားတဲ့ဦးဦးအား ဆူပုတ်ပုတ်လေးကြည့်ကာ ပါးလေးဖောင်းသွားသည်

"အဲ့တာဆို ဦးဦးအတ္တက ဒယ်ဒီရဲ့ ငယ်သူငယ်ချင်းပေါ့နော်"

ယခုသူတို့က mini marketရှေ့က စားပွဲမှာထိုင်နေခြင်းဖြစ်သည်

"ဒါပေါ့ ရတုလေးရဲ့ ဦးတို့က သိပ်ခင်ခဲ့ကြတာ........မိန်းကလေးတစ်ယောက် ဦးတို့ဘဝထဲမဝင်ခင်ထိပေါ့..."

"မိန်းကလေးတစ်ယောက်........"
ရတုလေးဟာ ခေါင်းလေးမော့ကာမေးသည်

အတ္တ ပြာလွင်လွင်ကောင်းကင်ကြီးအားမော့ကာကြည့်လိုက်သည်

"ပုံပြင်လေး တစ်ပုဒ်ပြောပြရမလား"

"ပုံပြင်?"

ရတုလည်း ပုံပြင်ဆိုတော့ စိတ်ဝင်စားသွားပီးခေါင်းလေးငြိမ့်ပြလိုက်သည်

အတ္တလည်း ကလေးမလေးရဲ့ခေါင်းကိုချစ်စဖွယ်ပွတ်သပ်လိုက်သည်

"ဟိုးရှေးရှေးတုန်းကပေါ့ နန်းတော်ကြီးတစ်ခုမှာ မင်းသားလေးနှစ်ပါးနေထိုင်တယ် တစ်ရက်ကျတော့ သူတို့နန်းတော်ကို ယုန်ပေါက်လေးတစ်ကောင်က ရောက်လာတယ်"

"ယုန်လေးက ပန်းရောင်လားဟင်"

အတ္တ ရတုလေးစကားကြောင့် ပြုံးသွားရသည် ကလေးမလေးမှာ ပန်းရောင်ကြိုက်ပုံရသည် သစ္စာနဲ့တူစွာ......

I married my sister's husband 💚(complete)Onde histórias criam vida. Descubra agora