I married my sister's husband💚Part3

17.9K 578 5
                                    

I married my sister's husband 💚Part3

မနက်နိုးလာချိန်တွင် အကို့မျက်နှာအား သူမမကြည့်ရဲပါ လုပ်စရာရှိတာများ တာဝန်ကျေစွာလုပ်ပေးပီး အကို့ကားလေးထွက်သွားတော့မှ ကားနောက်ပိုင်းလေးကိုသာ ကြည့်ကာ သက်ပြင်းချမိသည်

နေရက်များဟာ ကုန်လွန်လာပီး အကိုက သူမကိုဂရုမစိုက် သူမက အကို့ကိုရှောင်စသဖြင့် ကုန်ဆုံးလာခဲ့သည်

ယခုဆို သမီးလေး၄လသားပင်ဖြစ်နေလေပီ
ကြီးပြင်းလာတဲ့ သမီးလေးကြောင့် ဒေါ်လုံးကို အကိုဟာ ဆက်မထားဖို့ဆုံးဖြတ်ခဲ့သည်

သူမအနေနဲ့တော့ ဝမ်းနည်းမှုတစ်ခုပါဘဲ သံယောဇဉ်တွယ်နေပီဖြစ်တဲ့ ဒေါ်လုံးမရှိတော့လျှင် သူမတနေ့လုံးအိမ်မှာ တစ်ယောက်တည်းဖြစ်နေတော့မည်

ဒီနေ့ဟာ ဒေါ်လုံးနေပေးတဲ့ နောက်ဆုံးနေ့ဖြစ်သည်

ညနေစောင်းချိန်တွင်တော့ ဒေါ်လုံးဟာ ပြန်လေသည်

"သမီးရေ ရတုလေးက ဒီနေ့ ငြိမ်နေတယ်ကွယ် သေချာကြည့်နော် အဒေါ်ပြန်ပီ"

သူမလည်း ခေါင်းသေချာငြိမ့်ပီးသာ နှုတ်ဆက်ပေမဲ့ မျက်ရည်များဝဲနေသည်

ဒေါ်လုံးမှာ နားလည်စွာနဲ့ သူမအား ထွေးပွေ့လာသည်
"သမီးကို အမြဲသတိရနေမှာပါကွယ်"

သူမမျက်ရည်တချို့ကျဆင်းသွားပီးနောက် ဒေါ်လုံးကို ပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်

ဒေါ်လုံးပြန်သွားပီးမှ သမီးကိုကြည့်လိုက်ရာ ဒေါ်လုံးစကားမှာမှန်နေသည်

သမီးလေးမှာ ဘာလို့ငြိမ်နေလဲမသိရပါ
သူမ အိပ်နေတဲ့ သမီးအား ထိတွေ့ကြည့်မိတော့ ကိုယ်လေးဟာ နွေးနေသလိုပင်

'နေမကောင်းများဖြစ်တာလား'

သူမအချိန်နာရီအားကြည့်လိုက်တော့၆နာရီခွဲ အကိုခနနေပြန်လာတော့မှ ဆေးခန်းသွားရမည်

သူမသမီးလေးအား ဂရုစိုက်နေကာ နာရီတကြည့်ကြည့်ဖြစ်နေသည်

သို့သော် အချိန်နာရီဟာ ကုန်ဆုံးသွားပီး အကိုဟာ ပြန်မလာသေးပါ သူမအလွန်စိတ်ပူလာလေသည်

I married my sister's husband 💚(complete)Where stories live. Discover now