I married my sister's husband 💚 Part 6

17.6K 630 28
                                    

I married my sister's husband 💚Part6

"ဒယ်ဒီ ဟိုဆိုင်ဝင်ကြည့်မယ်"

ဒီဒီလေးမှာ မင်းထေရန်အား ကလေးအကျီဆိုင်ကို ထပ်မံထိုးပြလေရာ သူ့ခြေလှမ်းတွေက သမီးလေးစေညွှန်ရာဆီသို့ လျှောက်သွားသည်

ဆိုင်ထဲရောက်တာနဲ့ သမီးငယ် လက်ညိုးထိုးသမျှအဝတ်တွေကို ဝယ်ယူစေသည်

ဆိုင်ထဲတွင် တည်ကြည်ခန့်ညားတဲ့ အမျိုးသားတစ်ဦးနဲ့ မော်ဒယ် သဖွယ် အကျီတစ်ထည်ပီးတစ်ထည်လဲပြနေသော ကလေးမလေး အား ဆိုင်တွင်းရော ဆိုင်ပြင်မှ ဖြတ်သွားဖြတ်လာများက ကြည့်နေကြသည်

တချို့သော မိန်းမပျိုများဆိုလျှင် ခြေချိတ်ကာ မဂ္ဂဇင်းဖတ်ရင်းစောင့်နေတဲ့ မင်းထေရန်အား ခိုးခိုးကြည့်နေကြသည်

သက်လတ်ပိုင်းအမျိုးသမီးကြီးတွေကတော့ ချစ်စရာကောင်းတဲ့လွန်းရတုလေးကို စကားသိပ်တတ်တာဘဲဆိုတဲ့ တီးတိုးစကားသံလေးတွေနဲ့ ချီးကျူးနေကြသည်

ထိုသည်ကိုကြားသော မင်းထေရန်မှာလဲ မေးတမော့မော့နဲ့ပေါ့ ပြုံးကာသာနေသည်

သိပ်လည်လွန်းတဲ့ ရတုလေးမှာ သူမဖခင်အား ခိုးကြည့်နေကြသည်ကိုသိစွာစိတ်ဆိုးလာလေသည်

သူမဖခင်အား မာမီမှ လွဲ၍ ဘယ်သူ့ကိုမှ မကြည့်စေချင်ပါ

"ရပီ ဒယ်ဒီ သွားစို့"

အဝတ်အစားတွေပျော်ရွှင်စွာရွေးနေတဲ့ သမီးငယ်က ရုတ်တရက်နှုတ်ခမ်းလေးဆူကာ သူ့လက်ကိုဆွဲလာတာကြောင့် မင်းထေရန် ပိုက်ဆံအမြန်ရှင်းပီး အထုတ်ဆွဲကာလိုက်ရသည်

သမီးငယ်လေးရဲ့ ကျစ်ဆံမြီးနှစ်ဖက်ဟာ ညီညာစွာလှုပ်ခတ်နေသည်
တိမ်စိုင်ငယ် စည်းပေးတာသာဖြစ်လောက်မည်

ရှေ့မှ သွားနေတဲ့ သမီးငယ်က ရုတ်တရက် ရပ်တန့်သွားတာကြောင့် သူ့မှာ သမီးငယ်ကြည့်နေရာဆီ ကြည့်မိသည်

အမျိုးသမီး အကျီဆိုင် တစ်ဆိုင်အား ကြည့်နေခြင်းဖြစ်သည်

"ဒယ်ဒီ ဒီထဲဝင်ရအောင်"

"ဘာလို့လဲ သမီးရဲ့ ဒါတွေက သမီးမှ မတော်တာ"

ရတုမှာ သူမဖခင်စကားကြောင့် လွန်စွာ စိတ်ဆိုးမိလေသည်

I married my sister's husband 💚(complete)Where stories live. Discover now