I married my sister's husband 💚Part 43

13K 613 77
                                    

I married my sister's husband 💚Part 43

တိမ်စိုင် ရွှေအိုရောင်ပွဲတက်ဝတ်စုံလေးဝတ်ထားပီး သူမရဲ့ဆံနွယ်များအား ရွှေရောင် လိပ်ပြာများနဲ့ ပန်ဆင်ကာ အလှပဆုံးပြင်ထားသည်

သူမရဲ့ မျက်ဝန်းများကိုလည်း ရွှေအိုရောင် အလက်လက်တချို့ ခြယ်သထားတာကြောင့် အပြုံးနုလေး ပြုံးလိုက်တိုင်းတောက်ပနေသည်

အကိုက သူမရဲ့ company ဖွင့်ပွဲနေ့မို့ လိုက်ခဲ့မယ်လို့ထင်ခဲ့ပေမဲ့ ယခု ရုတ်တရက်ကြီး အလုပ်ခရီးထွက်ပြန်ပီတဲ့လေ

"မေ့.....မေ"

သူမလည်း သားက ခေါ်နေတာကြောင့် လက်ထဲ နို့ဘူးသာထည့်ပေးလိုက်သည်

သားကိုတော့ အကို့ အမေအိမ်ဘဲဝင်ထားခဲ့ရမှာဘဲ

တိမ်စိုင် အစောရောက်သွားပီး တဖွဲဖွဲရောက်လာတဲ့ ဧည့်သည်တော်များအား ဧည့်ခံနေသည်

ခန်းမထဲလူများစုံသွားချိန်တွင်တော့ ဆရာက စင်ပေါ်တက်ကာ သူမအား စကားပြောရန်ဖိတ်ခေါ်လေသည်

တိမ်စိုင်အခုမှ သေချာကြည့်မိသည်
ဆရာက ရွှေအိုရောင်နဲ့ အဖြူရောစပ်ထားပါတဲ့ အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပါ့လား

ဆရာက သူမအား ဒီရွှေအိုရောင်ပွဲတက်ဝတ်စုံကို ဝတ်ပေးပါလို့ပြောခဲ့တာ အံ့ဩစရာမရှိတော့ပါ

ဆရာက couple ချုပ်ထားခဲ့သည်

တိမ်စိုင်မှာ ဆရာ့ဘေးရပ်လိုက်တော့ အရမ်းကို လိုက်ဖက်တဲ့ အတွဲလို့ စင်အောက်က လူများထင်သွားတာကို ခံစားမိလိုက်သည်

ဘာဘဲဖြစ်ဖြစ် သူမအနေနဲ့ အတွေး​တွေကို ထိန်းချုပ်လိုက်ပီးသာ စကားပြောရန်ပြင်လိုက်သည်

"ကြွရောက်လာတဲ့လူကြီးမင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ် အခုလို ကျွန်မရဲ့ ထူးခြားတဲ့ ညလေးကို ဂုဏ်ပြုတက်ရောက်ပေးကြတဲ့ အတွက်ပါ"

သူမစကားမှာ လူအုပ်က လက်ခုပ်တီးကြသည်

ပိုမိုလည်း သူမ သူငယ်ချင်းလေးရဲ့ အောင်မြင်မှုအားလက်ခုပ်တီးကာ အားပေးရင်း ဆရာ့ရဲ့ တိမ်လေးအပေါ် အကြည့်တွေကို လစ်လျူရှုနေလိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now