I married my sister's husband 💚(Extra)

24.8K 702 51
                                    

I married my sister's husband💚 (Extra)

🎵ဆေးကျောင်းထဲက ကောင်ကလေး
သိပ်ချစ်လွန်းလို့ ငါလိုက်ငေး ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့် သူလေတကယ်ကို မသိ🎵

အခန်းထဲတွင် သူမရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲ ပန်းရောင်လေးတွေ ခြယ်နေတဲ့ အပျိုပေါက်လေးရှိလေသည်

🎵ဆေးကျောင်းထဲသို့ ငါလိုက်သွား
တို့တစ်ယောက်တည်းမို့ အူကြောင်ကြား
မိုးတိုးမတ်တပ်နေရာတကာရပ် ငူငူငိုင်ငိုင်နဲ့🎵

ကညာပို တစ်ယောက်ခေါင်းဖီးလိုက် ခေါင်းဖီးကို မိုက်လုပ်လိုက်နဲ့ သီချင်းဆိုနေသည်

🎵ကောင်ကလေးရေ မင်းကို သိပ်ချစ်လို့သာ ကိုယ့်မှာ ဒုက္ခများစွာ ရင်ဆိုင်ရ ဒါပေမဲ့လေ အချစ်ရာ ကိုယ့်အတွက် ပြဿနာမရှိပါ မင်းနဲ့တွေ့ရင် ပျော်ရွှင်မှာပါ🎵

သူမရဲ့ ချစ်ရသူဟာ ဆရာဝန်ဖြစ်ပုံရသည်
နူးညံ့စွာဆိုနေတဲ့ အသံလေးဟာ စိတ်ကူးယဉ်မှု များစွာနဲ့

🎵စတွေ့မိတဲ့ ပုံရိပ်လေး ခုထိတို့ဖြင့်မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး မြန်မြန်လာပီဟေ့🎵

🎵Duty coatအဖြူရောင်လေးနဲ့ သိပ်ခန့်တဲ့ ကောင်လေးရာ ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ်ကို နည်းနည်းလောက်chanceပေးပါ သိပ်ချစ်တဲ့ ဒေါက်တာလေးရာ🎵

"ခွီးးး"

ကညာပို သူမသီချင်းဆိုသံ အဆုံး ခွီခနဲ့ အသံကြားလိုက်ရ၍ ကြည့်လိုက်ရာ သူမအကို ဖြစ်နေသည်

"မာမီရေ အငယ်မ ဆေးကျောင်းသား သီချင်းဆိုနေပြန်ပီ..."

"အကိုစုတ်...."

ညာညာ တံခါးဆွဲဖွင့်ကာ သူမကို လှောင်နေတဲ့ အကိုအား ခေါင်းဖီးနဲ့ လိုက်ရိုက်တော့သည်

"ဟားဟားး အငယ်မကတော့ သူကိုယ်တိုင်ကဖြင့် 10တန်းမအောင်ဘဲ ဆေးကျောင်းသားကိုတော့ မှန်းနေတယ်"

"နင့်အရေးလား အဲ့တာ နင့်အရေးလား အကိုစုတ်ရဲ့..."

"ညာညာ သမီး အကိုကို အဲ့လို မခေါ်ရဘူးလို့ မာမီ ပြောထားတယ်လေ...."

I married my sister's husband 💚(complete)Where stories live. Discover now