I married my sister's husband 💚 Part 30

19.2K 973 164
                                    

I married my sister's husband 💚Part 30

မင်းထေရန် ဆေးရုံကုတင်ထက်တွင် ပြန်လည်နိုးထလာရသည်

သူ့စိတ်ထဲမှာ ဗလာဖြစ်နေသည်
သူ့ရင်ထဲက နှလုံးသားဟာ အခိုးယူခံလိုက်ရသလို ပျောက်ဆုံးနေသည်ကြောင့် ရင်ဘတ်ကို အုပ်ကိုင်လိုက်မိသည်

ဒေါ်စိန်ကြွယ် ငုတ်တုတ်ထထိုင်နေပါတဲ့ သားကြောင့် သက်ပြင်းချကာ ဆေးရုံခန်းထဲ ဝင်လာသည်

"အသိဝင်ပီလား သားမိုက်"

မင်းထေရန် သူ့အမေအားမကြည့်ဘဲ မျက်နှာလွှဲလိုက်သည်

အမေသူ့ကို သားမိုက်လို့ခေါ်နေတာ ငယ်လေးကို ကွာရှင်းလိုက်ကတည်းကပါ

"အသိဝင်ရင် ရော့ ဒီမှာကြည့် မင်းမျက်လုံးနဲ့သေချာကြည့်"

သူ့အမေက သူ့အား စာရွက်တချို့ပစ်ပေးလာတာကြောင့် သူကြည့်လိုက်သည်

'DNA TESTပါလား သို့ပေမဲ့ ဒီတစ်ခါ နေရာမှာ သူဟာ ဖခင်ဖြစ်ကြောင်း ကိုက်ညီချက်ပြနေသည်'

"အဲ့တာမှ မယုံသေးရင် နင့်ရုပ်ကို ချွတ်ပီး စွပ်ထားတဲ့ ငါ့မြေးမျက်နှာသာသွားကြည့်တော့ ငါတော့နင့်ကို သိပ်စိတ်ကုန်တယ်"

ဒေါ်စိန်ကြွယ်က သူမသားအား စိတ်ပျက်စွာပြောဆိုပီး ထွက်သွားတော့သည်

ဘာတွေဖြစ်သွားရတာလဲ....ဘာတွေကဘယ်လို....
မင်းထေရန် သူ့ဆံပင်များအား ဆုပ်ကိုင်မိလိုက်ပီးနောက် သတိတစ်ခုရသွားသည်

သူ ငယ်လေးနဲ့ ပတ်သတ်ပီး wet dreamတစ်ခုမက်ခဲ့ဖူးတာဘဲ.....

ဒါဆို ဒါဟာ wet dreamမဟုတ်ခဲ့ဘူးလား
ဒါပေမဲ့ သူသန့်ရှင်းနေခဲ့တာပါဘဲ.....

မင်းထေရန် DNAစာရွက်အား လက်နဲ့ဆုပ်ကိုင်ခဲ့ပီး ထရပ်လိုက်သည်

သူ့စိတ်ထဲ ဝမ်းသာအားရမှုထက် မှားယွင်းသော အပြစ်ရှိစိတ်တွေသာကြီးစိုးနေရသည်

........................................................................
တိမ်စိုင် ဂေါ်ဇီလာ အစိမ်းရောင်အရုပ်အကျီလေး ဝတ်ထားပါတဲ့ ပေါက်စီလေးအား ချီလိုက်ပီး ဝယ်ယူထားတဲ့ ပစ္စည်းများအား တိုက်ခန်းကိုသာ ပို့ဆောင်ခိုင်းလိုက်ရသည်

I married my sister's husband 💚(complete)Where stories live. Discover now