I married my sister's husband💚part 35

19K 837 57
                                    

I married my sister's husband 💚Part 35

"ဘာ သူက ဘယ်လောက်တော်တဲ့ ဒီဇိုင်နာမို့လို့ ကျွန်မလိုနာမည်ကျော်မော်ဒယ်က ခယနေရမှာလဲ"

"ရှူးးး ရှူးးး Lunaကို သွားမစော်ကားမိစေနဲ့ Lunaဘက်တော်သားတွေမှအများကြီးတော်ကြာ Lunaနားထဲ ပြန်ရောက်သွားရင် ရှင်နေရာမရဘဲနေမယ်"

သဒ္ဒါမှာ Lunaဆိုသော Parisမှ လက်သစ်designer အား အမြင်ကပ်နေခြင်းဖြစ်သည်

"အခု ခဏနေ Lunaလာတော့မှာ သူမက သူမရဲ့ showအတွက် လူလာရွေးမှာ အဲ့တာကောင်းကောင်းနေနော် လူတိုင်းနဲ့ပတ်ရန်ဖြစ်မနေနဲ့"

သဒ္ဒါလေမှုတ်ထုတ်လိုက်ကာဘဲ လက်ထဲက ကော်ဖီအေးကိုသောက်လိုက်သည်

သူမ Lunaရဲ့showမှာ နေရာတစ်နေရာရဖို့လိုနေတာတော့အမှန်ပင်

"အမလေး...."
သဒ္ဒါ လမ်းလျှောက်ရင်းကောင်မလေးတစ်ယောက်ကို တိုက်မိသွားခြင်းဖြစ်သည်

သူမကြည့်လိုက်တော့ တက်သစ်စ မော်ဒယ်မလေးဖြစ်နေတာကြောင့် သူမမျက်နှာ မဲ့ရွဲ့သွားသည်

"နင်ဘယ်လိုလုပ်လိုက်တာလဲ"

သူမရဲ့အော်သံကြောင့် ဘေးနားက လူများပါ ကြည့်လာကြသည်

"တောင်း တောင်းပန်ပါတယ် စီနီယာ"

"ခဏနေ Lunaလာတော့မှာမသိဘူးလား အခုနင်လုပ်တာ ငါအကုန်စိုကုန်ပီ"

အမှန်တကယ်တော့တက်သစ်စမော်ဒယ်မလေးက ပိုစိုသွားတာဖြစ်ပီး ဝင်တိုက်တာကလည်း သဒ္ဒါပင်ဖြစ်သည်

တက်သစ်မော်ဒယ်မလေးက ကြောက်ရွံ့တုန်ရီကာ ဘာမှမပြောတတ်တော့ပါ

"ပြော.....ပြောလေ နင်ဘာလုပ်ပေးမှာလဲလို့ ဘယ်လိုလုပ်ပေးမှာလဲ"

သဒ္ဒါ ထို မော်ဒယ်မလေးခေါင်းအား လက်ညိုးနဲ့ထိုးကာထိုးကာဖြင့် ပြောလေတော့သည်

ဘေးလူများကလည်း အနိုင်ကျင့်တတ်တဲ့ သဒ္ဒါအကြောင်းကို သိစွာ ကိုယ်နဲ့လည်းမဆိုင် ဆိုပီး ဝင်မပါကြပါ

"ကျွန်မ.....ကျွန်မ...."

တိမ်စိုင်မှာ ထိုဖြစ်ရပ်အစအဆုံးအား မြင်လိုက်ပီး သူမ သဒ္ဒါရှေ့သွားလိုက်သည်

I married my sister's husband 💚(complete)Hikayelerin yaşadığı yer. Şimdi keşfedin