I married my sister's husband 💚Part 32

18.2K 885 106
                                    

I married my sister's husband 💚Part 32

မင်းထေရန် သူ့ရဲ့ ဂျယ်လိမ်းထားတဲ့ဆံပင်တွေအား အပေါ်သပ်တင်ကာ နောက်ကြည့်မှန်တွင် သေချာကြည့်လိုက်သည်

ထို့နောက် တွန့်နေတဲ့ကော်လံအား သေချာဖြောင့်ကာ ဘေးခုံက ဒေစီဖြူတွေအား ယူဆောင်ပီး အပြင်ထွက်ရန်ပြင်လိုက်သည်

သို့သော် ဖုန်းက မြည်လာတာကြောင့် ကြည့်လိုက်ရာ အဖေ့ဆီမှဖြစ်နေသည်

"ပြော"

"ဘာကိုပြောလဲ ခွေးသား....လခွမ်းနဲ့မှ ငါ့ပြန်ထိတယ်"

မင်းထေရန် ဒေါခီးနေတဲ့သူ့အဖေကြောင့် ရယ်ချင်သွားသည်

"မင်းဘယ်တော့မှ company အလုပ်တွေပြန်ကိုင်မှာလဲ ငါ့မှာ အနားယူထားတာကွ အနားယူထားတဲ့အဖိုးကြီး အခု မင်းနေကောင်းပြီဆို companyအလုပ်တွေပြန်ကိုင်တော့"

"အဖေဘဲ တာဝန်ယူလက်စနဲ့ ဆက်တာဝန်ယူလိုက်ပါဦး"

"ဘာကွ ငါက မင်းလွှဲပေးထားတာလေ"

"ကျွန်တော်လည်း အဖေ့ပြန်လွှဲပေးထားတယ်လေ"

ဦးထေအောင်မှာ သူ့သားစကားကြောင့် သွေးတက်တော့သည်

"အမလေး ငါ့ခေါင်း ငါ့ခေါင်းး..."

"ကျွန်တော် မအားဘူး အဖေရာ ကျွန်တော့်မိန်းမကို ပြန်ပိုးနေတယ်"

"တီ..."
တစ်ဖက်ဖုန်းမှ ဦးထေအောင်မှာတော့ လုပ်ချင်ရာလုပ်ပီး ပစ်တုန်းက ပစ်ခဲ့တဲ့ ချွေးမလေးအား အခုကျမှ ကျွန်တော့်မိန်းမဆိုတာ ပါးစပ်ကမချတဲ့ သားကြောင့် သွေးတက်ရုံသာ တက်နိုင်တော့သည်

ငယ်လေးတို့ သင်တန်းဖွင့်ပွဲဟာ ပြပွဲသဏ္ဍာန်ခင်းကျင်းထားပီး ငယ်လေး ဖန်တီးခဲ့တဲ့ လက်ရာတိုင်းအား ပြသထားသည်

ထို့နောက် သင်တန်းလက်ခံရာနေရာရှိပီး အစားအသောက်ဝိုင်းများ တွန်းလှည်းများလည်းထားရှိကာ ဝိတ်တာများက သောက်စရာများ လှည့်လည်ပေးနေသည်

နိုင်ငံခြားသားများလည်းပါဝင်ကာ နာမည်ကြီးတဲ့ ဒီဇိုင်နာများကပါ ငယ်လေးရဲ့သင်တန်းဖွင့်ပွဲကိုလာကြသည်

'သူ ငယ်လေးအတွက် ဂုဏ်ယူလိုက်တာ....'

အဖြူရောင် coatအား shirt လက်ရှည်အနက်ပေါ်မှ ခံဝတ်ထားတဲ့ သူ့အား မိန်းကလေးတချို့က ကြည့်ကွက်ကြည့်ကွက်လုပ်နေသော်လည်း သူဂရုမစိုက်မိ

I married my sister's husband 💚(complete)Wo Geschichten leben. Entdecke jetzt