I married my sister's husband 💚 Part 11

16.8K 754 76
                                    

I married my sister's husband 💚Part 11

ဒေါ်စိန်ကြွယ်မှာအနားယူပီးပီ ဖြစ်တာကို company ကိစ္စရပ် တချို့အား အိမ်မှ လုပ်ကိုင်ပေးနေရဆဲဖြစ်သည်

ခင်ပွန်းဖြစ်သူမှာတော့ သတင်းစာတစ်စောင်အား ဖတ်ပီး အေးအေးလူလူသာနေသည်

သူ့အား company ကိစ္စတချို့ပင် တိုင်ပင်လို့ကို မရတော့ပါ
ထို့ကြောင့် သူမလည်း ဘာမှမပြောတော့ တစ်သက်လုံး ငွေရှာပီး အချိန်တွေကုန်ခဲ့တဲ့ ခင်ပွန်းသည် ဦးထေအောင် အားနားလည်ပါသည်

အိမ်ခွဲနေတဲ့သားကြောင့် သူမမှာ မြေးငယ်လေးကို အမောပြေတွေ့ချင်ရင် ဖုန်းဆက်ဆက်ခေါ်နေရသည်

ခုလည်း ကျောင်းပိတ်ရက်ဖြစ်တာကြောင့် မြေးငယ်အိမ်အား ဖုန်းဆက်ခေါ်ရသည်

"ဟယ်.......ဟယ်လို..."
မကြာပါ ဖုန်း နှစ်ကောဝင်ပီး တစ်ဖက်မှ တိုးသိမ်ထစ်အတဲ့ အသံလေးထွက်လာသည်

"တိမ်စိုင် မြေးကိုခေါ်ပီး အမေတို့ဆီလာခဲ့ပါဦး"

"ဟို......အ.....အကို.....မ....ရှိ"

အဲ့တာတွေကို သူမ သဘောမကျမိခြင်းဖြစ်ရသည်

"ဘာလို့ သားကိုခေါ်နေဦးမှာလဲ ကိုယ့်ဘာသာ taxiငှါးပီးလာခဲ့"

တိမ်စိုင်မှာ ယောက္ခမကြီးစကားအောက် မလွန်ဆန်ရဲတော့ပါ

"ဟု....ဟုတ်"

ဒေါ်စိန်ကြွယ်ကတော့ သက်ပြင်းချရင်းသာဖုန်းချလိုက်ရသည်

"မင်း ချွေးမလေးကို ဆူနေပြန်ပီလား"

ဦးထေအောင်မှာ သတင်းစာချ၍ မေးလေသည်

"မဟုတ်ပါဘူး အကိုရယ် မလည်မဝယ်ဖြစ်နေတဲ့ အကျင့်ကိုပြင်စေချင်တာ ခုလည်း အတန်တန်ပြောထားရဲ့သားနဲ့ သားက လိုက်ပို့ဖို့မရှိဘူးပြောနေတယ်လေ"

ဦးထေအောင်မှာ ခေါင်းရမ်းကာ စာကြည့်မျက်မှန်ကိုချွတ်လိုက်သည်

"ကလေးမလေးက ရိုးသားတာပါကွာ"

"အင်းလေ ရိုးသားလို့လည်း ဒီနားနဲ့ ဒီနားကို taxiသမားက ဘယ်လောက်တောင်းတောင်းထုတ်ပေးနေတာပေါ့"

ဦးထေရန် သူ့ဇနီးရဲ့ ချွေးမလေးအား လည်လည်ဝယ်ဝယ် ရဲရဲရင့်ရင့်ဖြစ်စေချင်တဲ့စိတ်အားနားလည်သည်

I married my sister's husband 💚(complete)Where stories live. Discover now