I married my sister's husband 💚Part 45

14.6K 717 74
                                    

I married my sister's husband 💚Part 45

တိမ်စိုင်မှာ အကို့အား ဒီလိုတွေ့လိုက်ရတော့ အိမ်မက်ထဲကလို အကိုလို့တောင်မခေါ်နိုင်တော့ပါ

သူမပါးစပ်အုပ်ပီးသာ တရွေ့ရွေ့တိုးကပ်သွားမိသည်

"အကို...."

အနည်းငယ်ကွာသော အခါမှ သူမ အကို့ကို ခေါ်လိုက်ပါသည်

မင်းထေရန် သူ့နောက်မှ အသံငယ်လေးကြောင့် တဖြည်းဖြည်းလှည့်ကြည့်လိုက်ရာ ငယ်လေး ဖြစ်နေသည်

"ငယ်လေး...."

တိမ်စိုင် အကို့ရဲ့ ပြုံးနေတဲ့ မျက်နှာကြောင့် ရှေ့တိုးရန်ကြိုးစားလိုက်သည်

"မတိုးနဲ့ အဲ့မှာ အဲ့မှာနေပါ ငယ်လေးရာ ကိုယ်မင်းကို ဒီကနေဘဲစကားပြောပါရစေ..."

"အွန်းပါ အွန်းပါ အကိုရယ် ဒါပေမဲ့ ဆင်းခဲ့ပီးမှ ပြောရအောင်လေနော်"

တိမ်စိုင် ပြောပါသော်လည်း အကိုဟာ ခေါင်းရမ်းကာငြင်းဆိုသည်

"ငယ်ပြောတာ နားထောင်ပါ အကိုရယ် နော်....."

တိမ်စိုင် ပြောပီး ရှေ့တစ်လှမ်း တိုးလိုက်သည်

"မလာပါနဲ့ မလာပါနဲ့ ငယ်လေးရာ"

"ဘာလို့လဲ ငယ်အကို့ဆီ ဘာလို့ မလာရမှာလဲ"

"ဟင့်အင်း မဟုတ်ဘူး မင်း မင်းလာလိုက်ရင် မင်းက ပျောက်ကွယ်သွားမှာ"

"ဟမ် "

"ဟုတ်တယ် အမြဲ မင်းကိုယ့်ဆီ ရောက်လာလို့ ကိုယ်ထိတွေ့လိုက်တိုင်း မင်းက ပျောက်ကွယ်သွားဦးမှာ"

"မဟုတ် မဟုတ်ဘူးလေ အကို ငယ်တကယ်ဒီမှာရှိနေတာ"

"ဟင့်အင်း ရှေ့မတိုးပါနဲ့ မတိုးပါနဲ့ကွာ ကိုယ် မင်းပျောက်ကွယ်သွားမှာမလိုလားဘူး"

တောင်းပန်တိုးလျှိုစွာပြောနေတဲ့ အကို့ကြောင့် သူမ ရင်တွေအောင့်လာရသည်

အကိုက သူမရောက်လာတာကို ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ ထင်နေရှာသည်

"အကိုရယ်...."

တိမ်စိုင် တုန်ရီနေတဲ့ အသံတွေနဲ့အတူ မျက်ရည်များဟာ ကျဆင်းလာသည်

I married my sister's husband 💚(complete)Wo Geschichten leben. Entdecke jetzt