I married my sister's husband💚Part 48

15.1K 668 25
                                    

I married my sister's husband 💚Part 48

မနက်ခင်းနေရောင်ခြည်ဟာ ကျောင်းသွားတဲ့ လမ်းတစ်လျှောက်တွင် ဖြန့်ကျက်နေသည်

အတ္တသူ့ရဲ့ အဖြူအစိမ်းအားသေချာပြင်ကာ ဆံပင်ကို အုန်းဆီလူးလိုက်ပီး တစ်ချက်ပြုံးလိုက်သည်

ထို့နောက် နှင်းဆီဖြူတစ်ပွင့်အား ခြံထဲမှ ခူးကာ သတင်းစာနဲ့ပတ်၍ လွယ်အိတ်ထဲသို့ထည့်သည်

သူ့ကိုစောင့်နေပါတဲ့ပြိုင်ဘီးအဖြူရောင်လေးကို သူစီးလိုက်ပီး စိန်ပန်းတွေပွင့်နေတဲ့ ကျောင်းလမ်း တစ်လျှောက် စီးလာခဲ့လိုက်သည်

"အန်တီ နို့အေး တစ်ဘူးလောက်..."

"အေး ကောင်လေး တော်သေးတယ် ဒီနေ့ နို့အေးတစ်ဘူးဘဲကျန်တော့တာ မင်းကလာဝယ်နေကြမို့ ဖယ်ထားလိုက်တာ..."

"ကျေးဇူးပါဗျ..."

"အေးအေး ဒါနဲ့ ကောင်လေး မင်းက နို့အေးသိပ်ကြိုက်တာလား နေ့တိုင်းလာဝယ်နေတာ...."

အတ္တ ဦးလေးကြီးစကားမှာ ပြုံးသွားခဲ့သည်

"ကျွန်တော်နို့အေးမကြိုက်ဘူး ဦးလေး..."

"ဟေ...."

"ဒီတိုင်း ကြိုက်တဲ့သူအတွက်......"

အတ္တ နို့အေးဘူးအား လွယ်အိတ်ထဲထည့်ကာဘဲ ထွက်လာခဲ့လိုက်သည်

စောစောစီးစီးမို့ ကျောင်းဝင်းထဲဘယ်သူမရှိပါ

ပုံမှန်လိုပါဘဲ သူ တတိယမြောက်ခုံတန်းရဲ့ အလယ်ခေါင်စားပွဲထဲသို့ နို့အေးနဲ့ နှင်းဆီဖြူလေးအား ထည့်ထားပေးလိုက်သည်

နောက်ပီးနေရာတွင်ထိုင်ကာ စာလုပ်နေလိုက်သည်
ညနေဆို ထေရန်နဲ့ အတူတက်တဲ့ကျူရှင်မှာ စာမေးပွဲဖြေရမှာမလား....

ကျောင်းတက်ချိန်နီးကပ်လာတာနဲ့အတူ ကျောင်းသူ ကျောင်းသားများတဖွဲဖွဲရောက်လာပီး နောက်ဆုံးတွင်တော့ လွယ်အိတ်မှာတပ်ထားတဲ့ချူလေးတွေမြည်သံကြားလိုက်ရသည်

'သူမ ရောက်လာပီ....'

'ရတုသစ္စာ.....'
သူမဟာ အတန်းထဲမှာ အလှဆုံးမိန်းကလေး....
သူမရောက်လာတာနဲ့ ကျန်တဲ့မိန်းကလေးတွေရဲ့ အလှဟာ မှေးမှိန်သွားရတယ်

I married my sister's husband 💚(complete)Where stories live. Discover now