I married my sister's husband 💚Part 36

21.3K 843 73
                                    

I married my sister's husband 💚Part 36

🎶အချစ်က အသိခက်တဲ့ ကဗျာလေးဘဲ....
ခွင့်လွှတ်ချစ်တတ်အောင် တို့ကြိုးစားကြည့်တယ်...🎶

မင်းထေရန် တိုက်ခန်းထဲ ဝင်လာပါတော့ သီချင်းသံအားကျယ်လောင်စွာဖွင့်ထားပီး သန့်ရှင်းရေးလုပ်နေတဲ့ ငယ်လေးအား တွေ့လိုက်ရသည်

🎶လျှို့ဝှက်ချက်များစွာထဲမှာ အမြဲတမ်း တဝဲလည်လည်
မှားလည်းလေ မှားပါစေတော့ကွယ်......🎶

ငယ်လေးက သူ့အားကျောပေးထားကာ တံမြက်စည်းအား မိုက်သဖွယ် အပီဟဲနေပါသည်

သားကလည်း သူ့အမေကို ကြည့်ကာ တဟဲဟဲနဲ့အားပေးနေသည်

ငယ်လေးက သူမထစ်အခဲ့တုန်းက မဆိုခဲ့ရသမျှ သီချင်းတွေကို အမုန်းဆိုနေပုံပေါ်သည်

🎶အပြစ်မမြင်ပါဘူး....ချစ်ချင်တာဘဲ သိတဲ့နောက်........
ဖြစ်သမျှဟာ အကောင်းဘဲပေါ့....🎶

ငယ်လေးက သားအား သူမရဲ့ တစ်ကိုယ်တော်ပရိသတ်ကို နှုတ်ဆက်သလိုလုပ်ပြရာ သားက သဘောကျစွာ လက်တွေပြန်ဝေ့ရမ်းပြသည်

🎶မင်းရင်ခွင်ထဲ ခွဲခွါနေဖို့ မရဲပါဘူး....
အနားနားမှာ အမြဲချစ်ပါရစေ.........🎶

တိမ်စိုင် မျက်လုံးများမှိတ်ကာ သီချင်းအား သီဆိုပီး နောက်ဆုတ်နေရင်း သူမဟာ ရင်ခွင်ကျယ်တစ်ခုထဲ ရောက်မှန်းမသိရောက်သွားတော့သည်

တိမ်စိုင် သီချင်းဆိုနေတာရပ်သွားရပီး မော့ကြည့်လိုက်ရာ သူမအား သဘောကျစွာငုံ့ကြည့်နေတဲ့ အကို့မျက်ဝန်းများနဲ့ဆုံလိုက်ရသည်

မင်းထေရန် သူ့ရင်ခွင်အားမှီ၍ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်နေပါတဲ့ ငယ်လေးအား အသဲယားသွားမိသည်

"ရင်ခွင်ထဲက ခွဲခွါဖို့ မရဲဘူးပေါ့ ဟုတ်လား"

တိမ်စိုင် ထိုအခါမှ သီချင်းဆိုတာ လူမိသွားတာကြောင့် ရှက်သွားကာ ရုန်းထွက်ပါတော့သည်

"ဟေး ဘယ်ပြေးမလို့လဲ"

အကိုက သူမအား ပြေးခွင့်မပေးပါဘဲ ခါးမှသိုင်းဖက်ကာ သူ့ရင်ခွင်ထဲပြန်ဆွဲသွင်းသည်

ထို့နောက် မင်းထေရန် ငယ်လေးရဲ့ လည်တိုင်လေးအားဖိကပ်ကာ နမ်းရှိုက်လိုက်သည်

I married my sister's husband 💚(complete)Donde viven las historias. Descúbrelo ahora