188

3.6K 588 28
                                    

Unicode

မင်းက သောက်ရမ်းဉာဏ်ကောင်းတာပဲ.. ညီကိုရေ..!

ဒီဆေးက ‘တိုင်းတာတဲ့စက်’ထက်တောင် ပိုပြီးရက်စက်တာပဲ။ အမြောက်အမြား ထုတ်လုပ်နိုင်ရင်ဖြင့် ဆရာခြူးလို ငါးဆားနူကောင်တွေ ဘယ်လိုလုပ်အသက်ရှင်နိုင်တော့မလဲ..?

ဖူး.. <<သွေးအန်>>>

ဖူး… ဖူး… ဖူး… <<သုံးကြိမ်ဆက်တိုက် သွေးအန်>>

Zero : “မြင်ကွင်းလေးက လှလိုက်တာ.. ကျွန်တော် မျက်လုံးကန်းသွားပြီ..”

ကံကောင်းထောက်မစွာဖြင့် ဆရာခြူးက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ၊ စိတ်ရှည်စွာ စောင့်ကြည့်နေခဲ့သည်။ သူ၏နှလုံးသားက ပရမ်းပတာ ခုန်ပေါက်နေသော်လည်း ရုပ်တည်ကြီးဖြင့် ဘာမှမဖြစ်သလို ဆက်လက်သရုပ်ဆောင်နိုင်သေးသည်။

ကျွင်းမော့သည် ‘နတ်ဘုရားလေး’ ဟူသော ဂုဏ်ပုဒ်နှင့် တကယ့်ကို လိုက်ဖက်ပေသည်။ ထိုသို့ပြောပြီးနောက် သူက ဖြည်းညင်းစွာ ဆက်ပြောလာခဲ့သည်။

“ရှဲ့ချင်းလန် ပြခဲ့တဲ့ကိစ္စတွေကို မရှင်းပြနိုင်ပေမယ့် ခင်ဗျားကို ကျွန်တော် တကယ်ချစ်တယ်ဆိုတာ သက်သေပြနိုင်တယ်..”

သူဘာလုပ်ချင်နေမှန်း ခြူးမုယွင် သဘောပေါက်သွားသည်။

ကျွင်းမော့က ခြူးမုယွင်ကို လွှတ်ပေးကာ နူးနူးညံ့ညံ့လေး ပြုံးပြလာသည်။ : “ကျွန်တော် ‘နှလုံးသား သော့ခတ်ခြင်း’ ဆေးလုံးကို စားမယ်.. တကယ်လို့ ကျွန်တော် အသက်ရှင်နေရင် ‘အားမု’ ကျွန်တော့်ကို ယုံကြည်ပေးရမယ်နော်.. ဟုတ်ပြီလား..?”

ရိုးရှင်းသလောက် ရက်စက်လွန်းသော နည်းလမ်းတစ်ခုပင်။ သို့သော် သက်ရောက်မှုကား စကားလုံးပေါင်းတစ်ထောင်ထက် သာလွန်ပေ၏။

ရှဲ့ချင်းလန်က တကယ့်ကို ဉာဏ်ကောင်းသည်။ ‘လင်းမု’ကို ပန်းချီကားများပြပြီးသည်နှင့် အကုန်လုံးကို မီးရှို့ဖျက်ဆီးလိုက်သော ကြောင့် သက်သေအားလုံး ပြာပုံဖြစ်သွားရသည်။ ထို့အပြင် ‘မှတ်ဉာဏ်ကြေးမုံ’ထဲမှ အတိတ်၏မှတ်ဉာဏ်များကိုလည်း ကြိုးကိုင်ခြယ်လှယ်ထားသေးသည်။ ဆယ်ပုံပုံလျှင် ၅ ပုံက အမှန်ဖြစ်၍ ကျန် ၅ ပုံက အမှားဖြစ်ပြီး အကုန်လုံးကို ရောသမမွှေထားသဖြင့် ခွဲခြားသိမြင်ရန် ခက်ခဲလှသည်။ ပြီးနောက် အဆုံးသတ်အနေဖြင့် ကျွင်းမော့နှင့် ရှန်ရွှိန်ယန်း၏ စကားပြောသံများကို လုပ်ကြံဖန်တီးခဲ့သည်။ ကျွင်းမော့နှင့် ရှန်ရွှိန်ယန်းတို့ ပေါ်လာမည့်အချိန်ကို သေသေချာချာ ချိန်ကိုက်တွက်ချက်ထားလေရာ…

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now