212

2.1K 480 26
                                    

Unicode

ရုပ်တူရုံသာမက၊ အသံကလည်း ချွတ်စွတ်နီးပါး တူနေသေး၏။

ခြူးမုယွင်သည် မျက်လုံးမဖွင့်ထားသော်ငြား ရှဲ့ချင်းလန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်ကို ကောင်းကောင်း ခံစားမိနေသည်။ အတော်လေး ရုပ်တူလွန်းသောကြောင့်သာ ဤမျှအထိ စိတ်လှုပ်ရှားသွားခြင်း ဖြစ်ပေလိမ့်မည်။

ရှဲ့ချင်းလန်သည် ခြူးမုယွင်၏လက်ကို မလွှတ်လိုက်သလို သူ၏မျက်နှာကလည်း ခြူးမုယွင် ထင်ထားသလောက် တုံ့ပြန်မှုမရှိခဲ့ပေ။ နှုတ်ခမ်းထောင့်က မသိမသာ ကော့တက်သွားပါသော်ငြား စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ရှဲ့ချင်းလန်က ထင်မှတ်မထားအောင် တည်ငြိမ်နေသဖြင့် အနှီ ‘ရှန်ယွင်’ ဆိုသူလည်း ကြောက်လန့်လာတော့သည်။

“ချင်းလန်.. ကိုယ်ပြန်လာပြီလေ..”

ရှဲ့ချင်းလန်က ထိုလူကိုသာ ပြုံးစစဖြင့် စိုက်ကြည့်နေလေသည်။

ရှဲ့ချင်းလန်သည် မွေးရာပါ ညှို့ဓာတ်ပြင်းပြီး စကားတစ်ခွန်းမှ မပြောလျှင်ပင် ပြောမပြတတ်အောင် ဆွဲဆောင်မှုရှိလှ၏။ သူ ရယ်လိုက်လျှင် မြင်သမျှလူတိုင်း ဝိဉာဉ်ကြွေသွားလောက်သည်။

အယောင်ဆောင် ‘ရှန်ယွင်’သည် သိသိသာသာကို ငေးကြောင်နေသော်ငြား ရှဲ့ချင်းလန်၏ နူးညံ့ကြင်နာသော အပြုအမူကြောင့် စိတ်သက်သာရာရသွားသည်။ ဤကမ္ဘာပေါ်မှ လူအနည်းငယ်ခန့်သာ ရှဲ့ချင်းလန်၏ ထိုအပြုအမူကို တွန်းလှန်နိုင်ပေလိမ့်မည်။

အယောင်ဆောင် ‘ရှန်ယွင်’သည် အတော်လေး လေသံပျော့သွားပြီး..

“ဒီနှစ်တွေထဲမှာ ကိစ္စတွေအများကြီး မေ့လျော့သွားခဲ့ပေမယ့် ကိုယ် မင်းကို သတိရနေတာ..”

ရှဲ့ချင်းလန်က နောက်ဆုံးတော့ စကားပြောလာသည်။ : “တကယ်..?”

အယောင်ဆောင် ‘ရှန်ယွင်’က နှစ်ပေါင်းများစွာ သိမ်းဆည်းသိုဝှက်ထားသော လှပကြည်နူးဖွယ် အမှတ်တရများကို ဖြည်းဖြည်းချင်း ပြန်လည်အစဖော်လာခဲ့သည်။

“မင်းနဲ့အတူကုန်ဆုံးခဲ့တဲ့ ပုံရိပ်ယောင်နန်းတော်ထဲက နေရက်တိုင်း၊ စက္ကန့်တိုင်းကို ကိုယ် သတိရနေတုန်းပဲ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now