260

1.7K 386 14
                                    

Unicode

ခြူးမုယွင်သည် လင်းရွှမ်၏ ဆိုလိုရင်းကို နားမလည်ဝံ့ပေ။

လင်းရွှမ်က ခြူးမုယွင်၏လက်ကို ဆုပ်ကိုင်ကာ ဝမ်းနည်းသော်ငြား အလွန်ထိန်းချုပ်ထားရဟန်ဖြင့်“မဖျက်ဆီးပါနဲ့.. ဒီအရာတွေအားလုံးက ခင်ဗျား အပင်ပန်းခံပြီး ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်တွေပဲလေ..”

ခြူးမုယွင်သည် နှစ်သန်းပေါင်းများစွာ အချိန်ကုန်ခံ၍ ဤကမ္ဘာကြီးကို ပြီးပြည့်စုံအောင် ဖန်တီးခဲ့လေ၏။ ယခုလိုမျိုး ပျက်စီးသွားမှာကို ထိုင်ကြည့်နေရမည်ဆိုလျှင် သူ့အတွက် ကြီးစွာသော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လိမ့်မည်။ ထိုအရာများကို မချစ်မြတ်နိုးဘဲ အဘယ်သို့ ဖန်တီးခဲ့မည်နည်း။ နှစ်သန်းပေါင်းများစွာအတွင်း အနှီသက်ရှိသတ္တဝါများသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် သူ့အတွက် စိတ်သက်သာရာ ဖြစ်ပေးခဲ့သည်။ သို့ဖြစ်ရာ ထိုသတ္တဝါများ ယခုလို ငိုကြွေးမြည်တမ်းနေသည်ကို သူ အဘယ်သို့ ကြည့်ရက်နိုင်မည်နည်း။

ခြူးမုယွင်က လင်းရွှမ်ကို လှည့်ကြည့်လိုက်သည်။ အတတ်နိုင်ဆုံး အသံမတုန်အောင် ကြိုးစားနေပါသော်ငြား သူ၏ နှလုံးသားက ထိန်းချုပ်မရအောင် တုန်ယင်နေခဲ့သည်။

“ပြန်သွားရင် ကိုယ်တို့နှစ်ယောက် ဘယ်တော့မှ ထပ်တွေ့ရမှာမဟုတ်ဘူး..”

လင်းရွှမ်၏ မျက်နှာထက်မှ အပြုံးလေး တောင့်ခဲသွားရသည်။ ပတ္တမြားကဲ့သို့ ရွှန်းစိုနေသော မျက်ဝန်းသားများလည်း အနီရင့်ရင့် ပြောင်းသွားခဲ့သည်။ သူက ခပ်တိုးတိုးလေး ဆိုသည်။ : “အားယွင်.. ဒီတစ်ခေါက်တော့ ဘာကိစ္စပဲရှိရှိ ကျွန်တော် ခင်ဗျားကို မဆွဲထားတော့ပါဘူး..”

ခြူးမုယွင်သည် အလွန်မြင့်မားသည့် တောင်ထွတ်တစ်နေရာတွင် မတ်တပ်ရပ်နေပြီး တိုက်ခိုက်လာသည့် လေပြည်ညင်းက အော်ဟစ်ငိုကြွေးသံများ၊ ရှိုက်သံများ ရောယှက်နေသယောင်။ သူ၏ မျက်နှာထက်ကို တိုးဝင်နေပြီး ဆံနွယ်စများကို ဝေ့ဝိုက်သပ်တင်လျက် ပုံမှန် ခံစားချက်မဲ့ပြီး တည်ကြည်သည့် သူ၏မျက်နှာကို ပြောမပြတတ်အောင် ဝမ်းနည်းရိပ်တို့ ယှက်သမ်းစေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now