224

2.1K 499 78
                                    

Unicode

ခြူးမုယွင်မှာ တခဏမျှ ကြောင်အမ်းသွားရ၏။ ဒါပေါ့၊ အခြေအနေအရ အံ့ဩပြရမည်ပင်၊ သို့သော် ရိုးရိုးသားသားဆိုရလျှင် သူ တကယ့်ကို အံ့အားသင့်သွားရသည်။

ဘာလို့လဲဆိုတော့ မော့ကျိုးရှောင် ပြောနေတဲ့ကိစ္စ သူကိုယ်တိုင်တောင် မသိလို့လေ..!

သူက မော့ကျိုးရှောင်ကို လိမ်ညာလှည့်စားပြီး လက်စားချေခဲ့ရုံတင်မကဘူး၊ အစားထိုးအဖြစ်ပါ အသုံးပြုခဲ့မိတယ်တဲ့လား..?

အဟွတ်.. အဟွတ်.. သူက အဲ့လောက်တောင် လူယုတ်မာဆန်သွားတာလား..? ဒါမှမဟုတ် ဒီငါးဆားနူကောင်က ငါးဆားနူဆန်ဆန်ပဲ တွေးတောနေလို့များလား..?

ဘာပဲပြောပြော မာနအရှင်သခင်ဆိုတာ ငါးဆားနူတွေထဲကမှ တကယ့်ငါးဆားနူကောင်လေ..!

(TN : ငါးဆားနူ means လူယုတ်မာကောင်၊ Red flag တွေကို ရည်ညွှန်းတာပါ။)

တကယ်တော့ ခြူးမုယွင်သည် မော့ကျိုးရှောင်၏ လက်ထဲ တမင်တကာ အဖမ်းခံလိုက်ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မော့ကျိုးရှောင်နှင့် အတူရှိနေပါက ရန်ချန်း (မနာလိုခြင်းအရှင်သခင်)အား ပစ်မှတ်ထားရန် ပိုမိုလွယ်ကူသောကြောင့်ပင်။ ထိုနှစ်ယောက်လုံး ရေခဲဝိဉာဉ်သားရဲအပေါ် ချစ်ကျွမ်းဝင်ခဲ့ကြသဖြင့် မော့ကျိုးရှောင်သာ သူ့ကို ပြန်ဝင်စားလာသော ရေခဲဝိဉာဉ်သားရဲလေးအဖြစ် အသိအမှတ်ပြုခဲ့လျှင် ရန်ချန်းလည်း ထိုထောင်ချောက်ထဲ အလိုလို သက်ဆင်းလာပေလိမ့်မည်။

အရာအားလုံး အဆင်ပြေနေသော်လည်း လက်ရှိအခက်အခဲကား မော့ကျိုးရှောင်ကို ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စလေးပင်။

သေချာပေါက် ထိုင်ပြီးစကားပြောနေရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်၊ မော့ကျိုးရှောင်၏ စိတ်ထဲတွင် သူ့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်ချင်နေလောက်မည်။

အဲ့တော့ ဆက်ပြီးလှည့်စားသင့်လား..? နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပေမယ့် မတတ်နိုင်ဘူးလေ။ ဘယ်သူက သူ့ကို ပေါက်ကရတွေ လျှောက်တွေးဖို့ ပြောထားလို့လဲ..?

ခြူးမုယွင်သည် စက္ကန့်ပိုင်းအတွင်း စိတ်ပြင်ဆင်လိုက်၏။ ပြီးနောက် နက်ရှိုင်းစွာသော အမုန်းတရားများကြား လှောင်ပြောင်ခနဲ့လိုဟန်ဖြင့် အေးတိအေးစက် ပြောလိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now