243

2K 482 51
                                    

Unicode

အရှိန်အဝါများနှင့်အတူ ‘အမျက်ဒေါသ’၏ အရှင်သခင် ပေါ်ထွက်လာချေပြီ။

ဤမြင်ကွင်းကို ညွှန်းဆိုရသော် - ‘အရိုးရှင်းဆုံးနည်းလမ်းကား ဓားကိုကိုင်ဆွဲကာ အုတ်အော်သောင်းနင်း ဖန်တီးခြင်း’ မည်၏။

‘နတ်ဆိုးအရှင်ကြီး’ များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ရှားပါးအခွင့်အရေးဖြစ်ရာ လင်းရွှမ်အနေဖြင့် ဤအခွင့်အရေးကို ကောင်းကောင်း အသုံးမချနိုင်လျှင် ‘အမျက်ဒေါသ၏  အရှင်သခင်’ ဟူ၍ အဘယ်သို့ ခေါ်ဆိုထိုက်မည်နည်း။

သူပေါ်ထွက်လာသည်နှင့် ပြင်းထန်သည့် တိုက်ကွက်တစ်ခု ထုတ်ဖော်ပြီးသားပင်။ ခြူးမုယွင်၏ လက်ရှိခန္ဓာကိုယ်လေးက ထိုတိုက်ကွက်၏ အဖျားရိုက်ခတ်မှုကို ခံရလျှင်ပင် သေသွားနိုင်သည်။

ရှန်ရွှိန်ယန်းနှင့် ရှဲ့ချင်းလန်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကြသည်။ တစ်ဦးက ထိပ်တန်းအဆင့် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီး ကျန်တစ်ဦးက ကုချင်းကို တီးခတ်လိုက်သည်။ ထိုအခါ သန့်စင်သော စွမ်းအင်လှိုင်းတချို့ ဖြာထွက်သွားပြီး တောက်ပသော အလင်းတန်းနှင့်အတူ အကာအကွယ်စည်းတစ်ခု ပေါ်ထွက်လာသည်။

သူတို့နှစ်ဦးက ခြူးမုယွင်ကို ကာကွယ်ပေးနေချိန်တွင် ခြူးမုယွင်က ဘာလုပ်နေခဲ့သနည်း။

အားနည်းပျော့ညံ့သော ခန္ဓာကိုယ်လေးဖြင့် ရန်ချန်းအား ကာကွယ်ပေးရန် ကြိုးစားနေခဲ့သည်။ သူ သေရမှာထက် ရန်ချန်း ထိခိုက်သွားမှာကို စိုးရိမ်နေသည့်နှယ်…

လက်ရှိမြင်ကွင်းကား ရှင်းလင်းနေချေပြီ။

လူလေးယောက်ရှိသည့်အနက် ရန်ချန်းက ဘာမှမလှုပ်ရှားခဲ့သလို ထိခိုက်ဒဏ်ရာမရှိသည့် တစ်ဦးတည်းသောသူပင်။ အကြောင်းမူကား ခြူးမုယွင်က သူ့ကို ကာကွယ်ပေးနေပြီး ရှဲ့ချင်းလန်နှင့် ရှန်ရွှိန်ယန်းက ခြူးမုယွင်ကို ကာကွယ်ပေးနေသည်။ သို့ဖြစ်ရာ လူတိုင်းက သူ့အား ကာကွယ်ပေးနေသလို ဖြစ်နေတော့သည်။

လင်းရွှမ်သည် မြေပြင်ပေါ် ခြေချလိုက်ပြီး အပြုံးလေးဖြင့် ပြောလာသည်။ : “စိတ်ဝင်စားစရာပဲ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now