203

2K 472 9
                                    

Unicode

တစ်ချိန်တည်းမှာပင် ခြူးမုယွင်သည် Zero လေး၏ အသံကို ကြားလိုက်ရသည်။

“‘အစားကြူးခြင်း’ အရှင်သခင်ရဲ့ ပုံတူပန်းချီတစ်ခုလုံး မီးလင်းသွားပြီ..”

သေချာတာပေါ့။ ယဲ့ရှောင်ဟန်သည် ခံစားချက်များကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အဓိကသော့ချက် ဖြစ်နေ၏။ သို့တိုင် ခြူးမုယွင်၏ စိတ်ထဲ တစ်ခုခုမှားယွင်နေသလို တစ်ချိန်လုံး ခံစားနေရလေသည်။ ယဲ့ကျန့်ဟန်နှင့် ချစ်ကြိုးသွယ်သည့် Mission က အလွန်လွယ်ကူနေသော်လည်း ထိုနောက်တွင် ဖုံးကွယ်ထားသည့် တချို့ကိစ္စများကား သိပ်မရိုးရှင်းပေ။

တစ်ခဏမှင်သက်သွားပြီးနောက် ယဲ့ရှောင်ဟန်သည် သူ့အတွင်းစိတ်ထဲမှ အသံကို ထပ်ကြားလိုက်ရပြန်သည်။

“သူ မင်းနဲ့လိုက်မှာမဟုတ်ဘူး.. ဒီကိစ္စတွေပြီးသွားရင် ခြေရာလက်ရာမချန်ဘဲ ပျောက်ကွယ်သွားမှာ.. အဲ့လိုဖြစ်လာရင် သူ့ကို ပြန်ရှာတွေ့မယ် မထင်နဲ့..”

“မင်း သူ့ကို သဘောကျရင် ကိုယ့်ခံစားချက်ကိုယ် တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်တော့.. အဲ့လူကို မင်းအနားမှာ မချုပ်နှောင်ထားနိုင်ရင် သူက မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားမှာ..”

“သူ့အချစ်ကို မမျှော်လင့်နေနဲ့.. မင်း သူ့ကိုလိုချင်ရင် ဒီအတိုင်း အပိုင်သိမ်းပစ်လိုက်.. ဘာလို့ မပြတ်မသားဖြစ်နေရတာလဲ..?”

“မင်း ငါ့ကို မယုံရင်လည်း သူထားသွားတဲ့အထိသာ စောင့်ကြည့်နေလိုက်တော့.. အဲ့အချိန်ရောက်မှ နောင်တမရနဲ့..”

ယဲ့ရှောင်ဟန်သည် အဆုံးထိ သဘောမတူခဲ့ပေ။ ထိုနေရာလေးမှာသာ ငေးကြောင်ရပ်နေလေပြီး သူဘာတွေးနေမှန်း ဘယ်သူမှ မသိနိုင်ပါချေ။

ခြူးမုယွင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေကို နားလည်နိုင်ခဲ့သည်။ ကြည့်ရသည်မှာ ‘အစားကြူးခြင်း’ ထိုအမျိုးသားက ပြဿနာထပ်ရှာနေပုံပင်။

ထိုနှစ်ယောက်၏ အခြေအနေကား ယဲ့ရှောင်ဟန်ပေါ်လာချိန်တွင် ယဲ့ကျန့်ဟန်က ခန္ဓာကိုယ်အတွင်း ပုန်းကွယ်နေပြီး ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်နေရ၏၊ သို့သော် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပေ။ လက်ရှိအနေအထားအရ အတွင်းစိတ်ထဲမှ တီးတိုးစကားဆိုနိုင်ပုံရသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Donde viven las historias. Descúbrelo ahora