226

2.6K 478 48
                                    

Unicode

တကယ်တော့ မော့ကျိုးရှောင်နှင့် လိုက်သွားလည်း စိတ်ချရသည်မဟုတ်။

ထိုအမျိုးသားသည် လက်ရှိအချိန်တွင် ခံစားချက်များ ဖုံးလွှမ်းနေ၍ ခြူးမုယွင်၏ ဖြေရှင်းချက်ကို အမှားမမြင်သေးသော်လည်း စိတ်ငြိမ်သွားသည်နှင့် သူ၏စိတ်ထဲ စနိုးစနောင့်ဖြစ်နေသော ကိစ္စများကို ထပ်မံအတည်ပြုဦးမည်ပင်။

သို့သော် မော့ကျိုးရှောင်နှင့် လိုက်သွားနိုင်လျှင် ကျိန်းသေပေါက် ရန်ချန်းကို လှုံ့ဆော်နိုင်လိမ့်မည်။ ရန်ချန်းက မော့ကျိုးရှောင်ကို စောင့်ကြည့်နေမှာ အသေအချာပင်။ သူသာ ရန်ချန်း၏ အာရုံကို ဆွဲဆောင်နိုင်သရွေ့ သူ့ကို လာခိုးအောင် ဖန်တီးယူနိုင်လိမ့်မည်။

‘အသက်တံခါး’၏ ဂယက်ကြောင့် ‘မဟူရာည’ ဒဏ်ရာရသွားခဲ့သော်လည်း ရန်ချန်းသည် အစကတည်းက ချမ်းသာကြွယ်ဝကာ စွမ်းပကားကြီးမား၏။ မဟုတ်လျှင် ‘မဟူရာည’ကဲ့သို့သော ဖျက်စီးလိုစိတ်ကြီးသော နတ်ဘုရားသားရဲကြီးကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ရန်ချန်းသည် တစ်ချိန်က ရေခဲဝိဉာဉ်သားရဲလေးအတွက် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်းကျော်ကိုပင် အကုန်အကျ ခံနိုင်ခဲ့သေးရာ ‘မဟူရာည’ကိုလည်း နှစ်ခါပြန်မတွေးဘဲ ကျိန်းသေပေါက် ချက်ချင်းကုသပေးလိမ့်မည်။

‘အသက်တံခါး’ သောင်းကျန်းသွားသည်မှာ နှစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ ယခုအချိန်လောက်ဆိုလျှင် ရန်ချန်းလည်း ဒဏ်ရာသက်သာလောက်ချေပြီ။

(TN : မေ့နေတဲ့ မမလေးတို့အတွက်၊ Arc-2 အဆုံးမှာ ဆရာခြူး အတိတ်ကို ပြန်ရောက်သွားတဲ့နေရာက ရန်ချန်းရဲ့ ဇီးပန်းရောင်ဝါတောင်ပေါ်မှာပါနော်။ ပြီးတော့ ဆရာခြူး အတိတ်ကိုပြန်ရောက်သွားတော့ လေဟာပြင်အက်ကွဲကြောင်းကနေ ‘မဟူရာည’ပေါ်လာလို့ ချိပ်ပိတ်လိုက်သေးတယ်လေ။ အဲ့မှာ ‘မဟူရာည’ ဒဏ်ရာရသွားတာပါ။)

သို့သော် ရန်ချန်းက အသိအမြင်နည်းသည်။ တခြားသူများကလည်း အလုပ်ရှုပ်ခံပြီး သူ့ကို လာရှင်းပြနေမည် မဟုတ်ပေ။ သို့ဖြစ်ရာ ယခုအချိန်ထိ မျက်စိပိတ်နားပိတ်ဖြင့် သူ၏ လောကကြီးကို အလင်းဆောင်ပေးရန် ခြူးမုယွင်ကို စောင့်မျှော်နေဆဲပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now