198

2.1K 487 29
                                    

Unicode

ခြူးမုယွင်က သက်ပြင်းချကာ ဆက်ပြောသည်။

“သူသာဆိုရင် ရှောင်ဟန်ကို ကိုယ့်ထက်ပိုပြီး ဂရုစိုက်ပေးနိုင်မှာ..”

ဤကား ကျွင်းမော့၏ စိတ်ဆန္ဒကို မသိမသာ မီးမောင်းထိုးပြလိုက်ခြင်းပင်။

လင်းဟန်သည် အတော်လေး တည်ငြိမ်အေးချမ်း၏။ ကလေးငယ်လေး ဖြစ်သော်ငြား ဆူဆူညံညံ မလုပ်တတ်သလို ဤရက်များတွင် ကိုယ်ပျောက်လူသားသဖွယ် နေထိုင်ပြီး သူတို့နှစ်ဦး၏ နေစဉ်ဘဝထဲ လုံးဝအနှောင့်အယှက်မပြုပေ။

သို့သော် မည်သို့ပင် အရိပ်အခြေနားလည်ပါစေ၊ လူသားတစ်ယောက် ဖြစ်နေဆဲ။ သူ့ကိုမြင်တိုင်း ကျွင်းမော့၏ စိတ်ထဲတွင် ဘဝင်မကျသလို ခံစားနေရလေသည်။ ဘာကြောင့်ရယ်ဟူ၍ တိတိကျကျ မပြောတတ်သော်လည်း ယင်းကား လျစ်လျူရှု၍ မရသော အလိုလိုသိစိတ်တစ်မျိုးပင်။

သို့သော် ထိုကောင်လေးက ‘အားမု’၏ ဆွေမျိုးဖြစ်နေရာ ထွက်သွားခိုင်းရန်လည်း မဖြစ်နိုင်ပေ။

ထို့အပြင် သူတို့နှစ်ဦး စတွေ့စဉ်က ‘အားမု’ ပြောခဲ့သည့် စကားတစ်ခွန်းကို ကျွင်းမော့ မှတ်မိနေသေးသည်။ : ‘ငါ့မှာ ဆွေမျိုးမရှိဘူး.. တာဝန်ယူရမည့်အရာလည်းမရှိဘူး.. အနှောင်အဖွဲ့လည်း မရှိတော့ဘူး.. ဒီလောကကြီးမှာ ငါ စိတ်ပူပေးရမယ့်အရာမျိုး လုံးဝမရှိတော့ဘူး.. အဲ့တာကြောင့် ငါသေသွားလည်း ကိစ္စမရှိဘူး..’ ဟူ၍။

ထိုအချိန်က ‘အားမု’၏ညီလေး ဆုံးပြီးရုံသာ ရှိသေးလောက်သည်။ ထို့ကြောင့် အသက်ရှင်မည်မရှင်မည် မသိရသေးသော ကလေးငယ်လေးနှင့် ဘဝကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းရင်း သူနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုသို့တွေးမိသည်နောက် ကျွင်းမော့မှာ ဆက်မတွေးရဲတော့ပေ။

သေချာတာပေါ့၊ ခြူးမုယွင်က ထိုအကြောင်း စပြောလာသည်။ : “အဲ့တုန်းက ကိစ္စတချို့ ဖြစ်ပျက်ခဲ့တာ.. ကိုယ်နဲ့ ရင်းနှီးတဲ့လူအားလုံး တစ်ယောက်မှ မကျန်ရစ်တော့ဘူး.. မင်းနဲ့တွေ့တော့ ကိုယ်တို့နှစ်ယောက်ရဲ့ဘဝက သိပ်ပြီးတူတယ်လို့ ခံစားလိုက်ရတယ်.. ကိုယ်လည်း အထီးကျန်နေတာဆိုတော့ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးချင်ခဲ့တယ်.. အနည်းဆုံးတော့ ဒါက ကောင်းတဲ့ကိစ္စပဲလေ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now