223

2.1K 497 24
                                    

Unicode

ပင်လယ်လှိုင်းလုံးကြီးများ တလိမ့်လိမ့် ကြွတက်လာသကဲ့သို့ နှစ်လရှည်ကြာခံစားချက်များ ပေါက်ကွဲထွက်လာပြီး ခြူးမုယွင်မှာ ဒေါသထွက်ထွက်ဖြင့် တစ်ဖက်လူ၏ မျက်နှာကိုတည်ကာ ဆဲပစ်လိုက်ချင်တော့သည်။

‘သုန်သုန်’ ဟူသော စကားနှစ်လုံးက သူ့အတွက်တော့ အပြင်းထန်ဆုံး မိုးကြိုးပစ်ချက်ကြီးသဖွယ်။

ထိုစကားကြားတိုင်း သူ့မှာ လက်ယားလာပြီး တစ်ယောက်ယောက်ကို မရိုက်နှက်ရသရွေ့ စိတ်ထဲ ခုလုခုလု ဖြစ်နေမိသည်အထိ။

သိသာစွာဖြင့် လင်းရွှမ်၏ စကားက ရှန်ရွှိန်းယန်းကို ရန်စနိုင်ခဲ့သည်။ သူ၏ ဒေါသအဟုန်က ကောက်ရိုးမီးတောက်သလိုမျိုး မဟုတ်တော့ချေ။

“လာခေါ်တာ..ဟုတ်လား..?” ရှန်ရွှိန်ယန်းက နှာခေါင်းမှုတ်လိုက်ရင်း.. “ဒီနေ့ ဘယ်သူမှ ထွက်သွားလို့မရဘူး..!”

ထိုသို့ပြောပြီးသည်နှင့် သူ၏ လက်နက်ကို ဆင့်ခေါ်လိုက်၏။

လင်းရွှမ်၏ နှုတ်ခမ်းများ ကော့တက်သွားပြီး မျက်ဝန်းထဲတွင် စိတ်ဝင်စားခြင်းများ ထင်ဟပ်လာသည်။

“ဝုချင်းကျွင်းရဲ့ အစီအရင်ပညာကို မြည်စမ်းရတော့မယ်ဆိုတော့ ဂုဏ်ယူစရာပဲပေါ့..”

ထိုစကားနှင့်အတူ သူ၏ လက်ဖဝါးပေါ်တွင် အခိုးအငွေ့များ ရစ်သိုင်းလာခဲ့ပြီး နဂါးနှင့်ကျား ဟိန်းဟောက်သံများအကြား သွေးနီရောင် လှံတစ်ချောင်း ပေါ်ထွက်လာခဲ့သည်။

ခြူးမုယွင်သည် လင်းရွှမ်ကို အေးတိအေးစက် စိုက်ကြည့်လိုက်ရင်း ‘သူ့ကိုခေါ်ရန် ရောက်လာပါသည်’ ဟူသော ထိုအမျိုးသား၏ စကားက တွေးလေတွေးလေ အလိမ်အညာနှင့် တူလာသလို ခံစားလာရလေပင်။ ရည်ရွယ်ချက်အမှန်က ရှန်ရွှိန်ယန်းကို ရန်စပြီး တိုက်ပွဲစတင်လိုခြင်းသာ ဖြစ်ပေလိမ့်မည်။

သေစမ်း.. သူ့ရဲ့ လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းတဲ့ ခွေးဝံပုလွေပေါက်လေးကို ပြန်ခေါ်လာပေးလို့ မရဘူးလား..? ဒီတိုက်ပွဲရူးက သောက်ကျိုးနည်း ဘာကြီးလဲ..?!

ခြူးမုယွင်က သက်ပြင်းရှိုက်ကာ တိုက်ပွဲအခြေအနေကို အကဲခတ်နေလိုက်၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now