195

2.3K 510 10
                                    

Unicode

အတော်ကြာ ငေးကြောင်နေပြီးနောက် ကောင်ငယ်လေးမှာ ပျော်မြူးနေတော့သည်။ သူ လူသားဖြစ်ချင်နေတာ ကြာပြီဖြစ်၏။ လမ်းလျှောက်ချင်သည်၊ စကားပြောချင်သည်၊ ခြေလက်များကို အသိစိတ်၏ စေညွှန်ရာအတိုင်း လှုပ်ရှားလိုသည်။ ဒီထက် သူ့ကို ပျော်ရွှင်စေသည့်အရာဟူ၍ မရှိတော့ပေ။

သို့သော် စိတ်နေစိတ်ထားကတော့ လုံးဝမပြောင်းလဲ။ စိတ်လှုပ်ရှားလွန်း၍ သုံးလေးခါလောက် ထခုန်ပစ်ချင်သော်ငြား ခြူးမုယွင် အနားမှာရှိနေသောကြောင့် ပျော်ရွှင်စိတ်ကို ချုပ်တည်းထားကာ ရုပ်တည်ကြီးဖြင့် တည်ငြိမ်ယောင်ဆောင်နေတော့သည်။

ကလေးပေါက်လေး မသိလိုက်သည်ကား ခြူးမုယွင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတွေးနေသမျှကို နားလည်နေပြီး ‘ချစ်ဖို့ကောင်းလိုက်တာ..’ ဟူ၍ တွေးတောနေခြင်းပင်။

ဒီလိုကလေးက အသက်ကြီးလာတော့ ဘယ်လိုများဖြစ်သွားပါလိမ့်..?

ခြူးမုယွင်က သက်ပြင်းဖွဖွချလိုက်သည်။ သို့သော် အသက်ရှူရာမှ နှလုံးအောင့်လာပြီး ခန္ဓာကိုယ် ကွေးညွတ်သွားရ၏။ သူ၏ ရင်ဘတ်က ပုံမှန်မဟုတ်အောင် မြင့်ချည်နိမ့်ချည် လှုပ်ရှားနေပြီး အတွင်းအင်္ဂါများ ထွက်အန်ကျလုမတတ် ချောင်းဆိုးတော့သည်။

ဆေးခပ်ခံထားရသည့်အပြင် တစ်ညလုံး မှောက်လိုက်လှန်လိုက် ချစ်တင်းနှောထားသဖြင့် ခြူးမုယွင် သတိမလစ်သွားသည်ကပင် သူမည်မျှ စိတ်ဓာတ်ခွန်အားပြင်းထန်ကြောင်း ဖော်ပြနေလေပြီ။

ခြူးမုယွင် ချောင်းဆိုးသည်နှင့် ယဲ့သမ့်သမ့်က ကပျာကယာ လှည့်ကြည့်လာ၏။ သူ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများ လွင့်ပြယ်သွားပြီး စိုးရိမ်ပူပန်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။

“ခင်ဗျား ဘာဖြစ်နေတာလဲ..? ဘာလို့ဒီလောက်အားနည်းနေရတာလဲ..?”

ပြီးနောက် ဝေဒနာသက်သာလိုသက်သာငြား ခြူးမုယွင်၏ ကျောပြင်ကို ကိုးရိုးကားရား ပွတ်သပ်ပေးနေတော့သည်။

ခြူးမုယွင်လည်း တဖြည်းဖြည်း ချောင်းဆိုးရပ်သွားသည်။ သို့သော် လည်ချောင်းက အက်ကွဲနေဆဲ။ လေသံတိုးတိုးလေးဖြင့်..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now