204

2K 460 19
                                    

Unicode

ဤတစ်ကြိမ်တော့ ယဲ့ကျန့်ဟန်သည် ပို၍အထောက်အညှာကင်းလာပြီး ခြူးမုယွင်အား အဆုံးစွန်ထိ ဆွခဲ့ပြီးနောက် ယဲ့ရှောင်ဟန်နှင့် နေရာချင်းလဲသွား၏။

သူ တမင်တကာ လုပ်သွားမှန်း ခြူးမုယွင် သိလိုက်သည်။

ခြူးမုယွင်သာ ဆန္ဒရှိလျှင် ရမ္မက်စိတ်ကို သည်းခံနိုင်သည်။ သို့သော် ချစ်ကြိုးသွယ်ရန် အလောကြီးနေသဖြင့် ခပ်ကြမ်းကြမ်းလှည့်ကွက်တချို့ ထုတ်သုံးရတော့မည်။

ယဲ့ရှောင်ဟန်က တကယ့်ကို လူလိမ္မာလေးပင်။ ခြူးမုယွင်နှင့် စကားပြောပြီးကတည်းက ထပ်ပြီးစည်းမကျော်လာခဲ့ချေ။ သို့သော် လက်ရှိ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို အကြီးအကျယ် ရိုက်ခတ်သွား၏။

အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ခါးသွယ်သွယ်ကို ဆုပ်ကိုင်ကာ အားပါးတရ တိုးဝင်ပစ်မည်အလုပ်၊ သူ၏စိတ်ထဲတွင် ခြူးမုယွင်၏ အေးစက်စက်မျက်ဝန်းများ မြင်ယောင်လာမိပြီး သူ့အား ရပ်တန့်သွားစေခဲ့သည်။

ယဲ့ရှောင်ဟန်က မျက်လွှာအသာချကာ အံ့အားသင့်ဖွယ် စိတ်ခွန်အားတို့ဖြင့် နောက်ဆုတ်လိုက်လေသည်။

“ကျွန်… ကျွန်တော် သွားတော့မယ်..”

ပြောလို့မဆုံးခင်မှာပင် ခြူးမုယွင်က ယဲ့ရှောင်ဟန်၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ “မသွားပါနဲ့..” သူ၏အသံက အလွန့်အလွန် ဆွဲဆောင်နိုင်လွန်းစွာ၊ ရိုးရိုးလေး ပြောလိုက်သော်လည်း မီးတောက်တစ်စနှယ် ခြောက်သွေ့နေသော အဝါရောင်မြက်ခင်းပြင်ကို ချက်ချင်း မီးဟုန်းဟုန်းတောက်သွားစေ၏။

ယဲ့ရှောင်ဟန်ခမျာ သိသိသာသာကို တောင့်တင်းသွားသည်။

ခြူးမုယွင်က ခပ်တိုးတိုးလေး ညည်းတွားလာသည်။ : “ဆက်လုပ်..”

ယဲ့ရှောင်ဟန်မှာ ရုတ်ချည်း အသိပြန်ဝင်လာပြီး အောက်နှုတ်ခမ်းကိုကိုက်ကာ ပြောလာသည်။ : “အားမု… ကျွန်တော်လေ...”

“ငါ့ကို ကူညီပေးပါ.. ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီ.. အဲ့တာက…” စကားအဆုံးတွင် ရှိုက်သံလေးပင် ပါလာသေးသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now