214

2.1K 472 39
                                    

Unicode

ခန္ဓာကိုယ်၏ ပင်ကိုဗီဇအတိုင်း လိုက်လျောညီထွေနေပြီး ဖြစ်ချင်သမျှကို လုပ်လိုက်သင့်သည်ဟု ခြူးမုယွင် တွေးနေခဲ့လေသည်။

ဘာပဲပြောပြော ဒီလောက်ကောင်းနေတာကို၊ ပြီးချင်ပြီးလိုက်မှာပေါ့.. ဘာလို့ ထိန်းချုပ်နေရမှာလဲ..?

အလွန်ဆုံးမှ သူ အသက်ရှင်နေတာကို ရှဲ့ချင်းလန် ရှာတွေ့သွားရုံပဲ။ သူ အသက်ဝင်လာတာဆိုပြီး ဆက်ဟန်ဆောင်လို့ ရတယ်။ သေချင်ယောင်ဆောင်နေရတာထက် ပိုတောင်ကောင်းသေးတယ်..!

ထိုသို့တွေးမိရင်း ဆရာခြူးလည်း ပြဿနာသေးသေးလေးကို လျစ်လျူရှုလိုက်တော့သည်။

ခြူးမုယွင်တစ်ယောက် ရှဲ့ချင်းလန်ကို လျော့တွက်ကာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသွားချေပြီ။

ရှဲ့ချင်းလန်သည် တကယ့်ကို ဟန်ဆောင်ကောင်းလွန်းခဲ့၏။ မျက်နှာအမူအရာက ကျွင်းမော့ထက် ပိုမိုတည်ငြိမ်ပြီး အတွေ့အကြုံ ရင့်ကျက်သူပီပီ အလောင်းတစ်ခုနှင့် နေထိုင်ရသည့်ဘဝကို နေသားကျနေခဲ့သည်။ စိတ်ပျက်အားငယ်နေလည်း အမူအရာမပျက်၊ ဝမ်းနည်းပူဆွေးနေလည်း အဆင်ပြေနေသည်။ အားယွင်ကို ချော့မော့ထွေးပွေ့နေတတ်ပြီး အားလပ်ချိန်များတွင်လည်း သူ့အစ်ကိုကို ပြဿနာရှာလိုက်သေးသည်။ ဘဝကို ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေလေသည်။

ဤကား ခြူးမုယွင်၏အတွေး၊ ခြူးမုယွင်အမြင်မှာတော့ ရှဲ့ချင်းလန်က တည်ငြိမ်လွန်းနေခဲ့သည်။

မည်သို့ဆိုစေ ရှဲ့ချင်းလန်၏ မုဆိုးဖိုဘဝက ကျွင်းမော့ထက် ရှည်ကြာနေပြီဖြစ်၍ ခံနိုင်ရည်ရှိသင့်နေပြီ မဟုတ်ပါလား။ ထို့ကြောင့် ခြူးမုယွင်လည်း ရှဲ့ချင်းလန် စိတ်လွတ်သွားမည်ဟု မထင်လိုက်မိပေ။

သို့သော် လူ့နှလုံးသားအတိမ်အနက်သည် မှန်းဆရခက်ပေ၏။

ရှဲ့ချင်းလန်က သက်တမ်းတစ်ဝက် မျှဝေပေးသည်အထိ သူနှင့်အတူနေချင်လိမ့်မည်ဟု ခြူးမုယွင် မထင်ခဲ့သလိုမျိုး၊ ‘ရှန်ယွင်’ ထွက်သွားပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ လုပ်ပစ်လိမ့်မည်ဟု သူ မထင်ခဲ့သလိုမျိုး၊ ယခုအခါလည်း လူသားတို့၏ စိတ်နှလုံးသား ရမ္မက်ဆန္ဒများကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်စွမ်းသော ထိုအမျိုးသားဟာ သူ့အပေါ် ဤမျှအထိ အချစ်စစ်အချစ်မှန်ဖြင့် ချစ်ကျွမ်းဝင်နေလိမ့်မည်ဟု ခြူးမုယွင် မထင်ထားခဲ့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now