275

1.6K 321 15
                                    

Unicode

ယာသယ့်သည် ပြင်သစ်စားသောက်ဆိုင်ဖြစ်ပြီး ဟင်းလျာများက အလွန်အရသာရှိ၏။ အထူးသဖြင့် ထိုဆိုင်မှ ပင်လယ်ကကတစ် ထပ်တစ်ရာငါးဟင်းကို ရှန်ရွှိန်ယန်း ကျိန်းသေပေါက် ကြိုက်နှစ်သက်လိမ့်မည်။

သို့သော် ချက်နည်းက အလွန်လက်ပေါက်ကပ်သဖြင့် ဆရာခြူး၏ ဟင်းချက်စကေးဖြင့်ဆိုလျှင် အတော်လေး လေ့ကျင့်ယူရလိမ့်မည်။

ကျွင်းမော့၏အကြိုက်က ပုံမှန်အားဖြင့် ရိုးရှင်းသည်။ ခြူးမုယွင်သည် ပေါ့ပေါ့ပါးပါးစားနိုင်သည့် ဟင်းလျာတချို့ မှာချင်သော်ငြား ပြင်သစ်စာများသည် အလွန်ဆီများပြီး အရံဟင်းလျာကိုလည်း သတ်မှတ်ထားသည့်အတိုင်း အဆင့်ဆင့်စားရသည်။ ရွေးချယ်စရာမရှိသောကြောင့် ကျွင်းမော့နှင့် အဆင်ပြေမည်မဟုတ်ပေ။

ဒါပေါ့.. ကျွင်းမော့ကလည်း အရသာခံရန် ရောက်လာခြင်းမဟုတ်။

ခြူးမုယွင်က သူ့ကို သေချာဂရုစိုက်ပေးသည်။ ကျွင်းမော့၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ မရှိသော်ငြား ဤနတ်သားလေး စိတ်မကြည်နေကြောင်း ခြူးမုယွင် အတပ်ပြောနိုင်သည်။

ဦးဆုံးအနေဖြင့် သူ့ရှေ့မှာရှိနေသည့် ကျောက်ပုစွန်သုပ်ကို ကျွင်းမော့ မကြိုက်ပေ။ ဒုတိယအနေဖြင့် လူအများကြီး သူ့ကို ခိုးကြည့်နေသည်။

ယာသယ့်စားသောက်ဆိုင်၏ ဟင်းလျာများသည် ဈေးကြီးသော်လည်း ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ငွေကြေးတတ်နိုင်သူ ပေါများသည်။ ထို့အပြင် လူတစ်ယောက်စာကို ယွမ် ၂၀၀၀၊ ၃၀၀၀ ခန့်သာ ကျသင့်သဖြင့် လူအများတတ်နိုင်သည့် ဈေးနှုန်းပမာဏထက် မကျော်လွန်ပေ။

(TN : ယွမ် ၂၀၀၀၊ ၃၀၀၀ ဆို လက်ရှိငွေဈေးအရ ၆ သိန်းနဲ့ ၉ သိန်းကြားပါ။)

ထို့ကြောင့် စားသောက်ဆိုင်တစ်ခုလုံး လူပြည့်နေပြီး ဆိုင်အပြင်အဆင်က ဆိတ်ငြိမ်အေးချမ်းသော်လည်း တစ်ဦးကိုတစ်ဦး မြင်နေရသည်။

ထို့အပြင် ကျွင်းမော့ကလည်း အမြင်အာရုံကို ဖမ်းစားနိုင်လွန်းပေသည်။

ရိုးရိုးသားသားဆိုရလျှင် ကမ္ဘာမြေပေါ်၌ ယခုလို ချောမောကြည့်ကောင်းသည့် လူတစ်ယောက်ကို ရှာတွေ့ရန်မလွယ်ပါချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now