222

2K 495 35
                                    

Unicode

ထိုအသံသည် နန်းတော်အပြင်မှ ပေါ်ထွက်လာခြင်း ဖြစ်သော်ငြား သူတို့၏ နားရွက်အနား ကပ်ပြောနေသယောင် ထင်မှတ်ရ၏။

လူကို မမြင်ရသေးသော်လည်း အသံကြားရုံဖြင့်ပင် ထိန်းမနိုင်သိမ်းမရ သောင်းကျန်းတတ်သော အနီရောင်ဆံနွယ်ရှင် အမျိုးသားလေးကို ပြေးမြင်မိကြပေလိမ့်မည်။

ခြူးမုယွင်တစ်ယောက် လုံးဝကို စိတ်ငြိမ်သွားချေပြီ။ သူက ရှန်ရွှိန်ယန်းကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။

“ဆက်လုပ်ချင်သေးလား..?”

နှစ်ဦးသားမှာ အတွင်းကျကျ ရင်းနှီးမှုများ ပြုလုပ်နေရင်း တိုးလိုးတန်းလန်းဖြင့်။

ရှန်ရွှိန်ယန်းက သူ့ကို အသံတိတ် စိုက်ကြည့်လာခဲ့သည်။

ခြူးမုယွင်သည် မသိမသာ မျက်နှာလွှဲလိုက်ရင်း လေးပင်စွာ ပြောလိုက်သည်။

“ရှောင်ယန်း.. ကိုယ်တောင်းပန်ပါတယ်..”

ထိုစကားကို ကြားလိုက်ရချိန် ရှန်ရွှိန်ယန်း၏ ရင်ထဲ သူ့ကို အရွဲ့တိုက်နေသလို ခံစားလိုက်ရ၏။ ခေါင်းငုံ့ကာ ခြူးမုယွင်၏ လည်တိုင်ဖွေးဖွေးကို အကြမ်းပတမ်း ကိုက်ခဲပစ်ပြီး သွေးအရသာခံလိုက်သည်။ ထိုဒဏ်ရာမှ အမာရွတ်ကျန်ရစ်နိုင်သော်လည်း မလုံလောက်သေးပါ၊ အဘယ်သို့ လုံလောက်နိုင်မည်နည်း။

နှစ်တစ်ထောင်ခန့် မရေမရာ အခြေအနေမျိုးတွင် နေခဲ့ရသည်။ နှစ်သုံးထောင်ကျော် ကြောက်ရွံ့စိုးရိမ်ခြင်းများဖြင့် အဖော်ပြုခဲ့ရသည်။ ပြန်တွေ့တော့လည်း ထိုအမျိုးသားက သူ့ကို မသိချင်ယောင်ဆောင်နေပြန်၏။ အဆုံးစွန်သော အခြေအနေရောက်မှ ‘တောင်းပန်ပါတယ်’ ဟူသော စကားလုံးကိုသာ ပေးအပ်လာခဲ့သည်။ သို့ဖြစ်ရာ သူ အဘယ်သို့ ကျေနပ်နိုင်မည်နည်း။

ခြူးမုယွင်သည် ရှန်ရွှိန်ယန်းနှင့် ရန်ဖြစ်မနေတော့ဘဲ စိတ်ကြိုက်သာ မှောက်လိုက်လှန်လိုက် လုပ်ခွင့်ပြုထားလိုက်သည်။

သို့သော် ရှန်ရွှိန်ယန်း မြင်နေရသည်ကား အကြင်သူ၏ မျက်ဝန်းအစုံသည် အသက်မဲ့လျက်၊ စိတ်ဝိဉာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာပြီး အမြင့်တစ်နေရာမှ သူ့အား ထူးမခြားနားသော မျက်ဝန်းများဖြင့် ငေးကြည့်နေသကဲ့သို့…

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now